Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နိုင်ငံတော်လုံခြုံရေး အရဟုဆိုပြီး တက္ကသိုလ် လေ့ကျင့်ရေးတပ် UTC စစ်သင်တန်းဆင်းများအား စကစမှ အပူတပြင်းခေါ်ယူ

နိုင်ငံတော်လုံခြုံရေး အရဟုဆိုပြီး တက္ကသိုလ် လေ့ကျင့်ရေးတပ် UTC စစ်သင်တန်းဆင်းများအား စကစမှ အပူတပြင်းခေါ်ယူ

AB News နိုဝင်ဘာ – ၁၈၊ ၂၀၂၃

အဖက်ဖက်မှ ထိုးနှက်တိုက်ခိုက်ခံနေရသည်သာမက စစ်သားအင်အားသေဆုံးမှုများပြားလာသော စစ်ကောင်စီတပ်သည် နိုငံတော်လုံခြုံရေးအရဟုဆိုပြီး တက္ကသိုလ် လေ့ကျင့်ရေးတပ် UTC စစ်သင်တန်းဆင်း ကျောင်း/သူကျောင်းသားများအား စကစမှ အပူတပြင်း ခေါ်ယူနေကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီ UTC စစ်သင်တန်းဆင်း ကျောင်းသူ/သားများကို ခေါ်နေခြင်းမှာ မြောက်ပိုင်းမဟာမိတ်တိုက်ပွဲအတွင်း၌ စကစဖက်မှ ထိခိုက်သေဆုံးမှုများပြားခြင်း၊ PDF အဖွဲ့တို့၏ ဝိုင်းတိုက်ခြင်းကို ခံနေရခြင်းနှင့် စခန်းလက်လွှတ်ဆုံးရှူံးရခြင်းများကြောင့် ဖြစ်သည်။

ထုတ်ပြန်ချက်တွင် နိုင်ငံတော်လုံခြုံရေးအခြေအနေအရ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ဖွဲ့စည်းခဲ့သော တက္ကသိုလ်လေ့ကျင့်ရေးတပ်(UTC)များ၌ စစ်သင်တန်းတက်ရောက်ဖူးသည့် ကျောင်းသား/သူများ၏ အချက်အလက်များကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးသို့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၁၇)ရက်နေ့ နောက်ဆုံးထားပေးပို့ရန် ရည်ညွှန်း(၂)ပါစာဖြင့် အကြောင်းကြားထားကြောင်း ဆိုသည်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များရှိ တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၌ စစ်သင်တန်းတက်ရောက်ဖူးသည့် ကျောင်းသား/သူများ၏ အချက်အလက်များအား နေပြည်တော်ရုံးချုပ်သို့ ပို့ပေးရမည်ဖြစ်ကြောင်း တွေ့ရသည်။

ယခုလိုခေါ်ယူမှုသည် စကစတပ်ဖွဲ့ဝင်များနည်းပါးလာခြင်း၊ အမျိုးသမီးများသာ ဦးဆောင်နေရခြင်းဖြစ်သည့်အပြင် တပ်ပြေးမှုများ ၊ စစ်မတိုက်လို၍ အလင်းဝင်ရောက်သည့် သူများပြားလာသည့်အတွက်ဖြစ်နိုင်ကြောင်း နိုင်ကြောင်း စစ်ရေးလေ့လာသူများကဆိုသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ