Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နိုင်ငံတကာရောက် ရခိုင်လူမျိုးများ ၁၄နှစ်မြောက်ရက္ခိုင့်တပ်တော်နေ့ အခမ်းအနားကျင်းပ

နိုင်ငံတကာရောက် ရခိုင်လူမျိုးများ ၁၄နှစ်မြောက်ရက္ခိုင့်တပ်တော်နေ့ အခမ်းအနားကျင်းပ

ABN-ရှိုင်းမိုး

နိုင်ငံတကာရောက် ရခိုင်လူမျိုးများ ၁၄နှစ်မြောက်ရက္ခိုင့်တပ်တော်( Arakan Army ) နေ့ကို ယနေ့ နေ့လယ်က ကျင်းပပြုလုပ်ခဲ့ကြသည်ကိုတွေ့ရသည်။

ရက္ခိုင့်တပ်တော်ကို ၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က စတင်တည်ထောင်ခဲ့ပြီး ယခုနှစ် ဧပြီ ၁၀ ရက်နေ့သည် ရက္ခိုင့်တပ်တော်၏ ၁၄နှစ်မြောက် မွေးနေ့ဖြစ်သည်။

ရက္ခိုင့်တပ်တော်နေ့ ကျင်းပသောနိုင်ငံများမှာ မလေးရှား၊ ဂျပန်၊ ထိုင်းစသည့်နိုင်ငံများတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်နေ့ အခမ်းအနားကို ဂျပန်နိုင်ငံရောက်ရခိုင်သူ၊ ရခိုင်သားများမှ ဦးဆောင်ပြီး တိုကျိုမြို့တွင် ယနေ့ နေလည် ၁နာရီမှ ညနေ ၅နာရီအထိ ကျင်းပခဲ့သည်။

ထိုအခမ်းနားတွင် ရခိုင်အမျိုးသမီးများက ရက္ခိုင့်ရိုးရာအကဖြင့် ကပြပြီး၊ ရခိုင်သီချင်းများသီဆိုသူများအပါဝင် ကံစမ်းမဲဖောက်ပေးခြင်းများဖြင့် အစီစဥ်များကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို မလေးရှားနိုင်ငံတွင်လည်းပြုလုပ်သည်။ ထိုပွဲတွင် ရခိုင်အဆိုတော်များကလည်း သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။

အလားတူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်လည်း ရက္ခိုင့်တပ်တော် ၁၄နှစ်မြောက်အခမ်းနားကို နေ့လည် ၁၂နာရီမှ ကျင်းပခဲ့ပြီး ထိုအခမ်းအနားတွင် ရက္ခိုင့်တပ်တော်မှ ခေါင်းဆောင်တစ်ဦး မိန့်ခွန်း​ပြောကြားခဲ့သည်ဟုသိရသည်။

ရက္ခိုင့်တပ်တော်(AA)ကို ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်တွင် KIO ဌာနချုပ်ရှိရာ ကချင် ပြည်နယ်၊လိုင်ဇာမြို့တွင် စတင်ဖွဲ့စည်းခဲ့ပြီး မြောက်ပိုင်းမဟာမိတ်များနဲ့ လက်တွဲကာ စစ်အာဏာရှင်ပြုတ်ကျရေး၊ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်များစသည်တို့အတွက် တိုက်ပွဲဝင်လျက်ရှိပြီး ရခိုင်တွင်လည်း စစ်ကောင်စီတပ်နှင့် နိုင်ငံရေး စစ်ရေးအရ တင်းမာလျက်ရှိနေသည်ကိုတွေ့ရသည်။

ရခိုင်တွင်လည်း ရက္ခိုင့်တပ်တော် စစ်ဒေသအသီးသီးတွင် တပ်တော်နေ့ကို ပြုလုပ်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ