Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုပြီး လုံခြုံရေးကိုလည်း တာဝန်ယူသွားမည်ဟု ULA ပြော

AB News – မတ်လ ၂၅၊ ၂၀၂၄

ရက္ခိုင်ဒေသအတွက် အကျိုးစီးပွားဖြစ်ထွန်းပြီး ဒေသဖွံ့ဖြိုးရေးကို အထောက်အကူ ဖြစ်စေသည့်မည်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမျိုးကိုမဆို ကြိအသိအမှတ်ပြု ကြိုဆိုပြီး လုံခြုံရေးနှင့် အသက်အန္တရာယ်ကိုလည်း ကာကွယ်စောင့်ရှောက်သွားမည်ဟု ယနေ့မတ်လ ၂၅ ရက်နေ့တွင် ULA က ပြောဆိုလိုက်သည်။

ထုတ်ပြန်ချက်တွင် “အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် မိမိဒေသအတွက် အကျိုးစီးပွားဖြစ်ထွန်းသော၊ ဒေသဖွံ့ဖြိုး ရေးကို အထောက်အကူပြုသော မည်သည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမျိုးကိုမဆို အသိအမှတ်ပြု ကြိုဆိုပြီး ရင်းနှီး မြှုပ်နှံရေး လုပ်ငန်းများ၊ စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြသောသူများ၏ လုံခြုံရေး၊ အသက်အန္တရာယ်တို့ကို မိမိတို့အနေဖြင့် ကာကွယ်စောင့်ရှောက်သွားမည်” ဟု ဆိုထားသည်။

ထို့အတူ လာရောက်ရင်းနှီးမြှုပ်နှံကြသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၊ စီမံကိန်းများ ဆက်လက်လည်ပတ်နိုင်ရေးအတွက် မိမိတို့အဖွဲ့အစည်းနှင့်အတူ ပူးပေါင်း ဆောင်ရွက်ရန် လိုလားကြောင်းလည်းဖော်ပြထားသည်။

ထို့အပြင် အနာဂတ်ကာလတွင် နိုင်ငံတကာနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အထောက်အကူပြုသော အဖွဲ့အစည်းကြီးတစ်ခုအဖြစ် ရပ်တည်ကြိုးပမ်းသွားမည် ဖြစ်သည်။ ဒေသအတွင်း တည်ငြိမ်မှုရရှိအောင် စနစ်တကျ ထိန်းသိမ်းသွားပြီး အာရက္ခပြည်သူလူထု၏ အကျိုး စီးပွား၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့ကြောင့် အာရက္ခဒေသ အပေါ် စစ်မှန်သည့် စေတနာရှိပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ဦးနှစ်ဖက် အကျိုးစီးပွားဖြစ်ထွန်းသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်လိုကြသောသူများကို နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါကြောင်း ULA ကဆိုသည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော်သည် ရက္ခိုင်ပြည်တွင်းရှိ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ မအီ၊ ရမ်းဗြဲ၊ ပေါက်တော၊ ရသေ့တောင် နှင့် ပလက်ဝဒေသတို့ကို အပြီးပိုင် သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေး လုပ်ငန်းများကိုလည်း လည်ပတ် လုပ်ကိုင်လျက်ရှိသည်။

ထို့အပြင် ရက္ခိုင်-ဘင်္ဂလာနယ်စပ်ရှိ တောင်ပြိုမြို့ကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထားပြီး နယ်စပ်မြို့ဖြစ်သည့် မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများကိုလည်း ရက္ခိုင့်တပ်တော်က ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်လျက်ရှိကြောင်း AA က ထုတ်ပြန်ကြေညာထားသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ