Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဓာတ်လိုက်သေဆုံးသည့် သားဖြစ်သူ၏ အသုဘသို့သွားသည့် မိသားစုကား မော်လမြိုင်သွားရာလမ်းတွင် ကားအက်ဆီးဒင်းဖြစ်ခဲ့ပြီး ဒဏ်ရာပြင်းထန် ရရှိခဲ့သည့် ဦးအထွန်း၏ ညီသေဆုံး

ABN-ထက်မြတ်ခင်

ဇွန် ၃၀ရက်

ရခိုင်ပြည် မင်းပြားမြို့ မင်းဘာကြီးရပ်ကွက်မှ ဇွန်လ၂၅ရက်နေ့က ဓာတ်လိုက်သေဆုံးသည့် သားဖြစ်သူ၏ အသုဘသို့သွားသည့် မိသားစုကား မော်လမြိုင်သို့သွားရာလမ်းတွင် ကားအက်ဆီးဒင်းဖြစ်ပြီး ဒဏ်ရာအပြင်းထန်းရရှိခဲ့သော ဦးအထွန်း၏ညီဖြစ်သူ အသက် ၄၃အရွယ် ဦးသိန်းနုအောင်မှာ နေပြည်တော်တွင် အရေးပေါ်ဆေးကုသမှုခံယင်း ယမန်နေ့ ဇွန် ၂၉နေ့က သေဆုံးသွားကြောင်းသိရသည်။

ဦးသိန်းနုအောင်မှာ ဇွန်လ ၂၄ရက်နေ့က အစ်ကိုဖြစ်သူ ဦးအထွန်း၏သားသည် မော်လမြိုင်တွင် ဓာတ်လိုက်ပြီး သေဆုံးသွားသဖြင့် မော်လမြိုင်သို့ ၎င်းအစ်ကိုနှင့်အတူ အိမ်စီးကားငှား၍သွားရာ မကွေးလမ်းအကွေ့တွင် ကားအက်စီးဒင်းဖြစ်ပြီး အစ်ကိုဖြစ်သူ ဦးအထွန်းမှာ ထိုနေရာမှာပင် သေဆုံးသွားပြီး ဦးသိန်းနုအောင်မှာ ဒဏ်ရာပြင်းထန်းရရှိကာ ဇွန်လ ၂၉ရက်နေ့တွင်သေဆုံးသွားသည်ဟုသိရသည်။

ဦးအထွန်းနှင့် မိသားစု ၁၀ဦး၏ ကားကိုဝင်တိုက်သွားသည့်ကားမှာ ပလက်ဝမြို့အုပ်ရေးမှူးကားဖြစ်ပြီး စစ်ကောင်စီမှ ပလက်ဝမြို့အုပ်ချုပ်ရေးမှူးကားကို လွတ်ပေးလိုက်ပြီး ဦးအထွန်းတို့စီးလာသည့် ကားကို တရားစွဲဆိုထားသည်ဟုသိရသည်။

သေဆုံးသွားသည့် ဦးသိန်းနုအောင်ကို နေပြည်တော် သုဿန်တွင် သင်္ဂြိုလ်လိုက်ပြီဖြစ်ကြောင်းသိရသည်။

ဓာတ်လိုက်သေဆုံးသည့် သားဖြစ်သူ၏ အသုဘသို့သွားသည့် မိသားစုကား မော်လမြိုင်သွားရာလမ်းတွင် ကားအက်ဆီးဒင်းဖြစ်ခဲ့ပြီး ဒဏ်ရာပြင်းထန် ရရှိခဲ့သည့် ဦးအထွန်း၏ ညီသေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ