Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဓာတ်ပုံသတင်း

ပုဏ္ဏားကျွန်းနယ်တွင် ပြုလုပ်သည့် အာဇာနည်ဆရာတော် ဦးဥတ္တမနေ့အခမ်းအနားမြင်ကွင်း

AB News-စက်တင်ဘာ ၉ ရက်

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် သင်ပုန်းတန်းကျွန်းတွင် ယနေ့ ညနေ ၄ နာရီခန့်က ၈၄ နှစ်မြောက် အာဇာနည်ဆရာတော် ဦးဥတ္တမနေ့အခမ်းအခမ်းကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အခမ်းအနားသို့ သင်ပုန်းတန်းကျွန်းရှိ ကျေးရွာအသီးသီးမှ အဖွဲ့အစည်းများ တက်ရောက် ပူဇော်ဂါရဝ ပြုခဲ့ကြပြီး ကျောင်းသူ ကျောင်းသားများနှင့် ဆရာ ဆရာမများ တက်ရောက် ဂါရဝပြုခဲ့ကြသည်။

ဆရာတော် ဦးဥတ္တမသည် ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က ရန်ကုန်တွင် ပျံလွန်တော်မူခဲ့သည်။

ဆရာတော်သည် သူ့ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် နယ်ချဲ့ကို မကြောက်ဘဲ ကြိုးစားခဲ့သူဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ