အောက်တိုဘာ ၁၉ ရက်နေ့က ရခိုင်ပြည်၊ကျောက်တော်မြို့နယ် ပိန္နဲချောင်းရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အခြေခံပညာမူလတန်းကျောင်းရှေ့ လမ်းတွင် လက်နက်ကြီးကျည်ကျရောက်ပြီး ကျောင်းနံရံ၊ ကျောင်းခေါင်မိုးများတွင် ကျည်ထိမှန်ခဲ့သည်။
ထိုသို့ ကျရောက်မှုများကြောင့် ဆရာ/မများနှင့် ကျောင်းသူ ကျောင်းသားများမှာ ကြောက်လန့်၍ စာသင်ခုံအောက်များတွင် ခိုလှုံခဲ့ကြရသည်။
လက်နက်ကြီးကျည်များ ကျေးရွာအတွင်း ကျရောက်သည့်အတွက် ရွာသူ ရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။




