Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဒေသခံ ကျေးရွာ ၁၄ရွာက ထိန်းသိမ်းစောင့်ရှောက်ထားရသည့် ဝန်ဗိုက်ဒီရေ သစ်တောကြိုးဝိုင်းမှ ပျိုးပင် ၁သိန်းကျော်ကို စစ်ကောင်စီအဖွဲ့လာရောက် နှုတ်ယူသွားကြောင်းသိရ

ABN-ရှိုင်းမိုး

သြဂုတ် ၂၁ရက်

ရခိုင်ပြည် ရမ်းဗြဲမြို့နယ်တွင်ရှိသော အာရှတွင် ဒုတိယအကြီးဆုံးဝန်ဗိုက်ဒီရေသစ်တောကြိုးဝိုင်း​ကြီးထဲမှ ပျိုးပင် ၁ သိန်းကျော်ခန့်ကို အစိုးရအဖွဲ့မှလာရောက် နှုတ်ယူသွားကြောင်းသတင်းရရှိသည်။

သြဂုတ်လ ၂၀ရက်နေ့က စစ်ကောင်စီအဖွဲ့ သစ်တောဝန်ထမ်း ၃ယောက်ဦးဆောင်၍ ရက်ကျငှားလာသည့် ဒေသခံပြည်သူ ၂၄ဦးနဲ့အတူ ဝန်ဗိုက်ဒီရေတောမှ ပျိုးပင် ၁သိန်းနီးပါးကို နှုတ်ယူခဲ့ကြောင်း ဒီရေတောထိန်သိန်းစောင့်ရှောက်ရေးနာယက တစ်ဦးဖြစ်သူ ဦးမောင်သိန်းကျော်က ABN သို့ပြောသည်။

နှုတ်ယူသွားသည့် အဆိုပါ ပျိုးပင်များမှာ ပြူးပင်နှင့်ပြာပင်များဖြစ်ကြောင်းသိရသည်။

ထိုပျိုးပင်များကို မိုခါမုန်တိုင်းကြောင့် စစ်တွေခရိုင်တွင်ပြိုလဲ ပျက်စီးသွားသည့် သစ်ပင်များနေရာတွင် အစားထိုးစိုက်ပျိုးမည်ဟု စကစအဖွဲ့ သစ်တောဝန်ထမ်းများက ပြောဆိုသည်ဟု ဦးမောင်ကျော်သိန်းမှတဆင့် ပြောသည်။

“မနေ့က လူတစ်ယောက်သတင်းလာပေးပါတယ်၊ ဒါနဲ့ကျနော်တို့သွားကြည့်တော့ အစိုးရဝန်ထမ်း ၃ယောက်ပါ၊ အပင်နှုတ်တဲ့သူတွေကတော့ အငှားနှုတ်ကြတာ၊ ကျနော်တို့ ကသူတို့ ၃ယောက်ကို မေးကြည့်တော စစ်တွေဖက်မှာစိုက်ဖို့ပြောတယ်၊ ပြီးတော့ တာဝန်ခံကနှုတ်ခိုင်းကြောင်းပြောပါတယ်” ဟုဆိုသည်။

ယခုအချိန်သည် စီးပွားရေးသမားများက အကြောင်းအမျိုးမျိုးပြပြီး ထိုဝန်ဗိုက်ဒီရေတောကြီးမှ ပျိုးပင်များကို စီးပွားအဖြစ်အသုံးပြုနေကြပြီး၊ အစိုးရမှလည်း လာရောက်ဟန့်တားခြင်း မရှိဟုသိရသည်။

အစိုးရမှပစ်ထားသော ဝန်ဗိုက်ဒီရေတောကို အနီးနားမှ ကျေးရွာ ၁၄ရွာမှ ပြည်သူများက ဦးဆောင်ပြီး ထိန်းသိမ်းစောင့်ရှောက် ပြုပြင်နေသည့်အတွက် သဘာဝပတ်ဝန်းကျင်အတွက် ပျိုးပင်များ စိုက်ပျိုးမည်ဟုဆိုလျင်လည်း ထိန်းသိန်းစောင့်ရှောက်သူများကိုအကြောင်းကြားသင့်ကြောင်း ဦးမောင်သိန်းကျော်ကပြောသည်။

“ကျနော်တို့က လုံးဝမယူရဘူးမပြောဘူး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့အတွက်ဆိုရင်ယူပါ၊ ဒါပေမယ့် အကြောင်းကြားစေချင်တယ်၊ မနေ့ကလည်း အစိုးရ ဝန်ထမ်း ၃ယောက်ကို ကျနော်တို့ပြောပါတယ်၊ အခုအချိန်က သစ်ခိုးခုတ်တဲ့သူတွေ၊ ထင်းခုတ်တဲ့သူတွေအများကြီး၊ ဒါကြောင့် ကျနော်တို့ကိုပြောလို့ရပါတယ်၊ ကျနော်တို့အနေနဲ့ ဘာအထောက်ပံ့မှမရှိဘဲ စောင့်ရှောက်နေကြတာ၊ ဒါက ကိုယ့်အတွက်မျော်လင့်ထားတာ ဘာမှမရှိပါဘူး” ဟုဆိုသည်။

စစ်ကောင်စီ၏ သစ်တောဝန်ထမ်းများ နှုတ်ယူသွားသည့် ပျိုးပင် ၁သိန်းကျော်သည် သဘာဝပတ်ဝန်းကျင်အတွက် ဟုတ် မဟုတ်စုံစမ်းနေကြောင်း သိရရှိရသည်။

သဘာဝပတ်ဝန်းကျင်ကိုအကြောင်းပြပြီး နောက်ထပ်နှုတ်ယူခြင်းတွေ့ရှိပါက ဥပဒေအတိုင်းအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးမောင်ကျော်သိန်းကဆက်ပြောဆိုသည်။

“တကယ်လို့ ဒါဟာစီးပွားရေးအတွက်ဆိုရင် ဥပဒေအတိုင်းအရေးယူသွားပါမယ်၊ ကျနော်တို့က ဒီအတိုင်း တန်ဖိုးထားလို့စောင့်ရှောက်ထားကြတာ၊ ဒါဟာ အချိန်တန်ရင် အရမ်းတန်ဖိုးရှိမှာပါ၊ လူတိုင်းက သစ်လိုအပ်တယ်၊ ထင်းလိုတယ်၊ ဒါပေမယ့် ကျနော်တို့ သစ်တောကြိုးဝိုင်းကြီးကိုတော့ မဖြုန်းတီးသင့်ပါဘူး” ဟုဆိုသည်။

ထိုဝန်ဗိုက်ဒီရေတောကို ထိန်းသိမ်းစောင့်ရှောက်နေသည့် အစိုးရဝန်ထမ်းများသည် ၂၀၂၀ ခုနှစ် အစောပိုင်းက နိုင်ငံရေးအခြေနေကြောင့် သစ်တောကြိုးဝိုင်းကိုစွန့်ခွာသွားကြပြီး ပြန်လည်လာရောက်ကြည့်ရှုခြင်းမရှိကြောင်းသိရသည်။

အဆိုပါ ဝန်ဗိုက်ဒီရေတောကြီးသည် ၅၆၆၃၃ဧက ကျယ်ဝန်းပြီး၊ ၂၀၂၂ ခုနှစ် စာရင်းများအရ ထိုဒီရေတောတွင် ထင်းနှင့် သစ်များကို တရားမဝင်ခိုးထုတ်ခြင်းကြောင့် ၇၅ ရာခိုင်နှုန်းပြုန်းတီးနေကြောင်းသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ