ယနေ့ နိုဝင်ဘာလ ၂၅ ရက် နံနက်ပိုင်း စစ်တွေမြို့၊ ဝေသာလီဘောလုံးကွင်းတွင် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အကြိုပွဲအတွက် မသန်စွမ်းသူများ အားကစားပြိုင်ပွဲကို ကျင်းပခဲ့သည်။
အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ကျရောက်တိုင်း အထိမ်းအမှတ်ပွဲများကို စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် ပန်ချီပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲများဖြင့်သာ ကျင်းပခဲ့ကြပြီး ယခုနှစ်တွင်မူ အားကစားပြိုင်ပွဲများကိုပါ ထည့်သွင်းသွားမည်ဖြစ်သည်။
ယနေ့ မသန်စွမ်းသူများ အားကစားအကြိုပြိုင်ပွဲတွင် ကွမ်းသီးကောက်ပြိုင်ပွဲ၊ တာတိုအပြေးပြိုင်ပွဲနှင့် အပ်ချည်ထိုးပြိုင်ပွဲများပါဝင်ခဲ့ပြီး မသန်စွမ်းအမျိုးသမီး၊အမျိုးသား ၃၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ရခိုင်တွင်မသန်စွမ်းသူဦးရေမှာ ၅၅၀၃၀၀ ဦးကျော်ရှိကြောင်း ၂၀၁၉ ကြားဖြတ်သန်ခေါင်စာရင်းအရ သိရသည်။
လက်ရှိအချိန်တွင် ရက္ခိုင့်တပ်တော် AA နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲအပြန်အလှန်ဖြစ်ပွားမှု၊ စစ်ကောင်စီတပ်မှ အရပ်သားပြည်သူများအား ရည်ရွယ်ချက်ရှိရှိ ရမ်းသမ်းပစ်ခတ်မှုတို့ကြောင့် မသန်စွမ်းသူများ ပိုတိုးလာလျက်ရှိသည်။
ဓာတ်ပုံ- RSDO









