Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းတွင် ရက္ခိုင်လူငယ်တစ်ဦး အလုပ်သိုသွားရာ လမ်း၌ ကားတိုက်ခံရ၍ သေဆုံး

AB News – ဇန်နဝါရီ ၈၊ ၂၀၂၄

ထိုင်းတွင်  ဆိုင်ကယ်ဖြင့် အလုပ်သိုသွားရာ၌ ကား ၁ စီးက နောက်မှဝင်တိုက်၍ ရက္ခိုင် ၁ ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူမှာ ကျောက်တော်မြိုနယ် တင်းမရွာမှ အဖဦးသိန်းအောင်၏သား အသက် ၂၄ နှစ်အရွယ် မောင်မျိုးဇော်ဌေးဖြစ်ပြီး ၎င်း၏မိဘများနှင့်အတူ ထိုင်းတွင် အလုပ်လုပ်ကိုင်နေကြောင်း သိရသည်။

၎င်းသည် ယမန်နေ့ ဇန်နဝါရီလ ၆ ရက် နံနက် ၁၂ နာရီတွင် YAMAHA အပြာရောင် ဆိုင်ကယ် ၁ စီးဖြင့် သံစက်ရုံသိုသွားစဥ်၌ ကား ၁ စီးနောက်မှ ဝင်တိုက်ပြီး သေဆုံးသွားခဲ့ကြောင်း ၎င်း၏ညီမဖြစ်သူက AB News သိုပြောသည်။

” မရဲ့အစ်ကိုက ဆိုင်ကယ်နဲ့အလုပ်ကိုသွားတာပါ၊ ကား ၁ စီးက အရှိန်ပြင်းပြင်းနဲ့မောင်းလာပြီး ဝင်တိုက်တယ်၊ ဆိုင်ကယ်နဲ့လူက တစ်ခြားစီလွင့်ထွက်သွားတယ်၊ ဆေးရုံမှာသေသွားတာပါ” ဟု ဆိုသည်။

၎င်းကို ဆေးရုံသို အရေးပေါ်ပိုဆောင်ခဲ့သော်လည်း ည ၆ နာရီခန့်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

၎င်းတိုမိသားစုသည် ထိုင်းတွင်အလုပ်လုပ်ကိုင်နေသည်မှာ ၁၀ နှစ်ကျော်ကြာမြင့်နေပြီဖြစ်ကာ သားဖြစ်သူကို ၂၀၂၅ ခုနှစ်တွင် ရှင်ပြုရန်စီစဥ်နေချိန်အတွင်း ယခုလိုသေဆုံးသွားခဲ့ သည်ဟု ညီမဖြစ်သူပြောပြချက်အရ သိရသည်။

ကားတိုက်သည့်ယာဥ်မောင်းမှာ ရှမ်းလူမျိုးဖြစ်ပြီး  သက်ဆိုင်ရာ ထိုင်းပုလိပ်များကဖမ်းဆီးထားသည်။

လက်ရှိတွင် သေဆုံးသူ၏အလောင်းကို သင်္ဂြိုလ်ပြီးစီးသွားပြီဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ