Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ရှည်တောင်ဗျူဟာစခန်းမှ စစ်ကောင်စီတပ်သား (၂၀၀) ခန့်  ရက္ခိုင့်တပ်တော်ထံ လက်နက်ချ အညံ့ခံ

AB News – ဇန်နဝါရီ ၈၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ကျောက်တော်မြိုရှိ တောင်ရှည်တောင်ဗျူဟာစခန်းမှ စစ်ကောင်စီတပ်သား (၂၀၀) ခန့်  (စခန်းတစ်ခုလုံး) သည် ရက္ခိုင့်တပ်တော်ထံ လက်နက်ချ အညံ့ခံကြောင်း ယနေ့ ဇန်နဝါရီလ ၈ရက်၊ ည ၆နာရီ၊ ၅၆အချိန်တွင် ရက္ခိုင့်တော်မှ ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် “ရှမ်းမြောက်ဒေသအတွင်း၌ ဒကစ (လောက်ကိုင်) တစ်ခုလုံး လက်နက်ချအညံ့ခံပြီးနောက်တွင် ရက္ခိုင်ပြည်၊ ကျောက်တော်မြိုနယ်၊ တောင်ရှည်တောင်ဗျူဟာစခန်းမှလည်း ရန်သူ့အင်အား (၂၀၀) ခန့် (စခန်းတစ်ခုလုံး) သည် ရက္ခိုင့်တပ်တော်ထံ လက်နက်ချ အညံ့ခံခဲ့သည်” ဟု ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ၏ အခြားသော တပ်စခန်းများမှလည်း  ရက္ခိုင့်တပ်တော်ထံ  လက်နက်ချ အညံ့ခံရန် (သိုမဟုတ်) ပြည်သူ့ရင်ခွင်ထဲသို ဝင်ရောက်ခိုလှုရန် ဆက်သွယ်မှုများရရှိကြောင်း ဖော်ပြထားသည်။

ပလက်ဝ ဒေသတစ်ခုလုံး စစ်ကောင်စီကင်းစင်သည့်နယ်မြေဖြစ်လာနိုင်ရန် ရက္ခိုင့်တပ်တော်မှ စစ်ကောင်စီ၏ စခန်းများကိုချေမှုန်းတိုက်ခိုက်လျက်ရှိရာ ဇန်နဝါရီလ (၇) ရက်မှစ၍ ပလက်ဝ အနောက်ဘက်ခြမ်းရှိ စစ်ကောင်စီ၏ စခန်းတိုင်းကို ရက္ခိင့် တပ်တော််မှ သိမ်းပိုက်ရယူထားပြီး ကျန်ရှိနေသေးသော စစ်ကောင်စီ၏စခန်းအချိုကို ယခုရက်များအတွင်း အပြီးသတ်ချေမှုန်း တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်၊ ညနေ ၄ နာရီအချိန်တွင် မြောက်ဦး သင်းကျစ်တော်တောင် စခန်းကို ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီအဖွဲ၏ စစ်အသုံးအဆောင်ပစ္စည်းများနှင့် လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့သည်။

စစ်ကောင်စီတပ်သားများ၊ စစ်စခန်းများအနေဖြင့် လက်နက်ချအညံ့ခံလိုပါက ရက္ခိုင့် ေတာ်ထံ အချိန်မရွေး ဆက်သွယ်နိုင်ပါကြောင်း ရက္ခိုင့်တပ်တော်မှ ထပ်မံအသိပေးထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ