Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ပြိုဝဲနှင့် တောင်ပြိုယာရှိ နယ်စပ်အရှေ့ကာကင်းစခန်းများကို ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်

(စစ်ကောင်စီပစ်လက်နက်ငယ်ကျည် ထိမှန်ပြီး ဘင်္ဂလားဒေ့ချ်မှ အမျိုးသား ၁ဦးနှင့် အမျိုးသမီး ၁ဦး ထိခိုက်ဒဏ်ရာရ)

AB News – ဖေဖော်ဝါရီ ၄၊ ၂၀၂၄

ရက္ခိုင်မြောက်ပိုင်း မောင်တောမြို့နယ်၊ တောင်ပြိုဝဲနှင့် တောင်ပြိုယာရှိ နယ်စပ်အရှေ့ကာကင်းစခန်းကို ယနေ့ ဖေဖော်ဝါရီလ ၄ရက် ည ၅နာရီအချိန်တွင် ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်ခဲ့ကြောင်း  တိုက်ပွဲဖြစ်ပွားရာအနီးရှိ ဒေသခံများမှ တဆင့် သိရှိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၄ရက် ည ၅နာရီအချိန်တွင် မောင်တောမြို့နယ်၊ တောင်ပြိုဝဲနှင့် တောင်ပြိုယာရှိ နယ်စပ်အရှေ့ကာကင်းစခန်းကို ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်ခဲ့သည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်များက AB News သို့ ပြောသည်။

“ဒီနေ့ မနက် ၂နာရီခွဲ အချိန်က စပြီးတော့ ရက္ခိုင့်တပ်တော်က တောင်ပြိုလက်ဝဲဗျူဟာနဲ့ ကာကင်းစခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်။ တိုက်ပွဲဖြစ်တာတော့ ဒီနေ့ တစ်ရက်လုံးပါဘဲ။ စစ်ကောင်စီဘက်က စစ်ရဟတ်ယာဥ်တွေ၊ တိုက်လေယာဥ်တွေနဲ့ သူတို့တပ်ဖွဲ့ဝင်တွေကို ပစ်ကူပေးခဲ့တာတွေ ရှိတယ်။ ညနေ ၅နာရီကျော်အချိန်မှာ ရက္ခိုင့်​တပ်တော်က ကာကင်းစခန်းတွေကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့တယ်” ဟု ဆိုသည်။

ဆက်လက်ပြီး ရက္ခိုင့်တပ်တော်က တောင်ပြိုဗျူဟာကုန်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ကြောင်း သိရသည်။

ရက္ခိုင်ပြည်နှင့် ဘင်္ဂလားဒေ့ချ်နယ်စပ်တွင် ယနေ့ တစ်ရက်လုံး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီပစ် လက်နက်ငယ်ကျည် ထိမှန်ပြီး ဘင်္ဂလားဒေ့ချ်မှ အသက် ၃၀ကျော်အရွယ် အမျိုးသား ၁ဦးနှင့် အမျိုးသမီး ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံ ၁ဦးက ပြောသည်။

“ဒီနေ့ တစ်ရက်လုံး ရက္ခိုင်နှင့် ဘင်္ဂလားဒေ့ချ်နယ်စပ်မှာ တိုက်ပွဲဖြစ်နေတယ်။ တောင်ပြိုလက်ဝဲမှ နယ်ခြားစောင့် ၆၆ ဦးခန့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့တယ်။ စစ်ကောင်စီတပ်သားတွေ ကြောက်ရွံ့ပြီး ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက်ကြောင့် ဘင်္ဂလားဒေ့ချ်က အမျိုးသား ၁ဦးနှင့် အမျိုးသမီး ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာရှိပါတယ်” ဟု ဆိုသည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော်က ရက္ခိုင်ပြည်ရှိ ပြည်သူများကို ခေတ်အဆက်ဆက် အနိုင်ကျင့်ဗိုလ်ကျနေသည့် အကြမ်းဖက်စစ်ကောင်စီ၏ ကင်းစခန်းများနှင့် လက်ကျန်ဗျူဟာကုန်း အချို့ကိုလည်း ဝိုင်းဝန်းပိတ်ဆို့ထားလျက်ရှိသည်။

ရက္ခိုင်ပြည်နှင့် ဘင်္ဂလားဒေ့ချ်နယ်စပ်တွင် ယနေ့ တစ်ရက်လုံး တိုက်ပွဲဖြစ်ပွားနေသောကြောင့် ဘန်ဒါဘန်ခရိုင်အုပ်ချုပ်ရေးဌာနမှ ဘင်္ဂလားဒေ့ချ်နှင့် မြန်မာနယ်စပ်ရှိ လမ်းများကို အရေးပေါ် ပိတ်ထားပြီး ကျောင်း ၅ကျောင်းကိုလည်း ပိတ်ထားရကြောင်း ဘင်္ဂလားဒေ့ချ်အခြေစိုက် Prothom Alo သတင်းဌာနတွင် ဖော်ပြထားသည်။

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ