Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ပြိုလက်ဝဲမှ နယ်ခြားစောင့် ၆၀ ကျော်ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေး

AB News – ဖေဖော်ဝါရီ ၄၊ ၂၀၂၄

မောင်တောမြို့နယ်ရှိ တောင်ပြိုလက်ဝဲမှ နယ်ခြားစောင့် ၆၆ ဦးခန့် ယနေ့ ဖေဖော်ဝါရီလ ၄ရက်၊ ၂နာရီ ၄၆ မိနစ်အချိန်တွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ကြောင်း ဒေသခံများက AB News သို့ ပြောဆိုသည်။

မောင်တောမြို့နယ် အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏  တောင်ပြိုလက်ဝဲဗျူဟာကုန်းကို ယနေ့ ဖေဖော်ဝါရီ ၄ရက်၊ နံနက် ၂နာရီခွဲအချိန်မှ စတင်​၍ ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် နယ်ခြားစောင့် ၆၆ ဦးခန့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ကြသည်။

ယနေ့ ဖေဖော်ဝါရီလ ၄ရက်၊ ၂နာရီ ၄၆ မိနစ်အချိန်တွင် မောင်တောမြို့နယ်ရှိ တောင်ပြိုလက်ဝဲမှ နယ်ခြားစောင့် ၆၆ ဦးခန့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ကြောင်း အမည်မဖော်လိုသည့်
မျက်မြင် ၁ဦးက ပြောသည်။

“ဒီနေ့ မနက် ၂နာရီခွဲ အချိန်က စပြီးတော့ ရက္ခိုင့်တပ်တော်က တောင်ပြိုလက်ဝဲဗျူဟာကုန်းနဲ့ နယ်စပ်ကင်းစခန်းကို သာလွန်အင်အားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်။ အဲ့ဒါကြောင့်  နယ်ခြားစောင့် ၆၀ကျော်ဟာ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာတာတွေ့ရပါတယ်” ဟုဆိုသည်။

ယနေ့ မွန်းလွှဲ ၂နာရီ ၃၀ကျော်အချိန်တွင် ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေသည့် တောင်ပြိုလက်ဝဲဗျူဟာကုန်းနဲ့ နယ်စပ်ကာကင်းစခန်းသို့ စစ်ရဟတ်၂စီးဖြင့် ၂ကြိမ် ပစ်ကူပေးခဲ့ပြီး ညနေ ၃နာရီ ၄၉မိနစ်အချိန်တွင် Jet Fighterဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တိုက်ပွဲဖြစ်ပွားရာအနီးရှိ ဒေသခံများမှ တဆင့် သိရသည်။

ရက္ခိုင်ပြည်နှင့် ဘင်္ဂလားဒေ့ချ်နယ်စပ်တွင် ယနေ့ တစ်ရက်လုံး တိုက်ပွဲဖြစ်ပွားနေသောကြောင့် ဘန်ဒါဘန်ခရိုင်အုပ်ချုပ်ရေးဌာနမှ ဘင်္ဂလားဒေ့ချ်နှင့် မြန်မာနယ်စပ်ရှိ လမ်းများကို အရေးပေါ် ပိတ်ထားပြီး ကျောင်း ၅ကျောင်းကိုလည်း ပိတ်ထားရကြောင်း ဘင်္ဂလားဒေ့ချ်အခြေစိုက် Prothom Alo သတင်းဌာနတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် စစ်ကောင်စီအဖွဲ့ ပစ်ခတ်သည့် လက်နက်ကြီးကျည် ၁၃လုံး ဘင်္ဂလားဒေ့ချ်နိုင်ငံအတွင်းသို့  ကျရောက်ပေါက်ကွဲပြီးနောက် ဘင်္ဂလားဒေ့ချ်ဘက်မှ နယ်စပ်တစ်လျှောက် လုံခြုံရေးတိုးမြင့်ချထားခဲ့သည်။

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ