Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ပြိုလက်ဝဲဗျူဟာကို ရက္ခိုင့်တပ်တော်က အပြီးပိုင်တိုက်ခိုက်သိမ်းပိုက်

တောင်ပြိုလက်ဝဲဗျူဟာကို ရက္ခိုင့်တပ်တော်က အပြီးပိုင်တိုက်ခိုက်သိမ်းပိုက်

AB News – ဖေဖော်ဝါရီ ၆၊ ၂၀၂၄

မောင်တောမြို့နယ် အခြေစိုက် စစ်ကောင်စီအဖွဲ့၏ တောင်ပြိုလက်ဝဲဗျူဟာကို ယနေ့ နံနက် အစောပိုင်းအချိန်တွင် ရက္ခိုင့်တပ်တော်က အပြီးပိုင် တိုက်ခိုက် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်များက AB News သို့ ပြောကြားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ရက်၊ နံနက် ၂နာရီခွဲ အချိန်မှ စတင်ကာ ရက္ခိုင့်တပ်တော်က တောင်ပြိုလက်ဝဲဗျူဟာနှင့် တောင်ပြိုယာစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

ထို့ကြောင့် တောင်ပြိုယာရှိ နယ်စပ်အရှေ့ကာကင်းစခန်းကို  ဖေဖော်ဝါရီလ ၄ရက် ည ၅နာရီအချိန်တွင် ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်ခဲ့ပြီး ယနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့ နံနက် အစောပိုင်းအချိန်တွင်တောင်ပြိုလက်ဝဲဗျူဟာ တစ်ခုလုံးကို ရက္ခိုင့်တပ်တော်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း တိုက်ပွဲဖြစ်ပွားရာ အနီးရှိ ဒေသခံ ၁ဦးက ပြောသည်။

“ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ရက်နေ့က စပြီးတော့ ရက္ခိုင့်တပ်တော်က တောင်ပြိုယာစခန်းနဲ့ တောင်ပြိုလက်ဝဲဗျူဟာကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်။ အဲ့ဒီနေ့မှာဘဲ တောင်ပြိုယာစခန်းကို သိမ်းပိုက်ခဲ့တယ်။ ဒီနေ့ မနက်မှာလည်း ရက္ခိုင့်တပ်တော်က တောင်ပြိုဗျူဟာကို အပြီးပိုင်သိမ်းပိုက်နိုင်ခဲ့တယ်” ဟု ဆိုသည်။

ထို့အပြင် မောင်တောမြို့နယ်တွင်ရှိသည့် အကြမ်းဖက်စစ်ကောင်စီ၏   ကြိမ်ချောင်းတပ်မ၊ ခမောင်းဆိပ်ဗျူဟာ၊ အောင်သပြေ အထိုင်စခန်း၊ သမန်းသား အထိုင်စခန်းနှင့် ရန်အောင်ပြင်စခန်းတို့ကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ရန် ဝိုင်းဝန်းပိတ်ဆို့ထားကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့သည့် စစ်ကောင်စီတပ် ၉၅ဦးအနက် ဒဏ်ရာရရှိခဲ့သော ၁၉ ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ကူတူပါလောင်စခန်းတွင် နယ်စည်းမခြားဆရာဝန်များအသင်းက ဆေးကုသပေးနေကြောင်း ဒေသခံများမှ တဆင့် သိရသည်။

ရက္ခိုင်ပြည်နှင့် ဘင်္ဂလားဒေ့ချ်နယ်စပ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ရက်နေ့မှ စတင်၍ တိုက်ပွဲဖြစ်ပွားနေသောကြောင့် ဘန်ဒါဘန်ခရိုင်အုပ်ချုပ်ရေးဌာနမှ ဘင်္ဂလားဒေ့ချ်နှင့် မြန်မာနယ်စပ်ရှိ လမ်းများကို အရေးပေါ် ပိတ်ထားပြီး ကျောင်း ၅ကျောင်းကိုလည်း ပိတ်ထားရကြောင်း ဘင်္ဂလားဒေ့ချ်အခြေစိုက် Prothom Alo သတင်းဌာနတွင် ဖော်ပြထားသည်။

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ