Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်၊ သံတွဲ၊ ရမ်းဗြဲ၊ ကျောက်ဖြူ ဖက်တွင်လည်း စစ်ကောင်စီတပ် ရိက္ခာဖြည့်နေ

ယခု ရက်ပိုင်းတွင် စစ်ကောင်စီတပ်သည် ရခိုင်ပြည် မြောက်ပိုင်းတွင် သာမက တောင်ပိုင်း ဖြစ်သည့် တောင်ကုတ်၊ သံတွဲ၊ ရမ်းဗြဲ၊ ကျောက်ဖြူမြို့နယ်တို့လည်း စားနပ်ရိက္ခာဖြည့်နေသည်ကို တွေ့ရှိရကြောင်း တောင်ကုတ်၊ သံတွဲ ဒေသခံများ သတင်းပို့ပေးချက်အရ သိရသည်။

ယနေ့ ဇန်နဝါရီလ ၁ရက်နေ့ နံနက် ၁၀နာရီ ၅၅မိနစ်တွင် ရခိုင်ပြည် တောင်ကုတ်မြို့ စစ်ကောင်စီတပ်မှ စစ်ကား ၆ စီးဖြင့် သံတွဲဖက်သို့ ရိက္ခာပို့ရန်သွားသည်ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသည့် ဒေသခံတစ်ဦး၏ ပြောကြားချက်အရသိရသည်။

ကားကတော့ ၆စီးပါ၊ အထဲမှာ လူအင်အား ၄၀လောက်ရှိမယ် ဆိုင်ကယ်တွေလည်းပါတယ် ပြီးတော့ တခြားရိက္ခာတွေအပြင် စည်သွပ်ဘူးတွေလည်းပါတာ တွေ့ရပါတယ်” ဟုပြောသည်။

ထို့အပြင် ယမန်နေ့ ဒီဇင်ဘာလ ၃၁ရက်နေ့ကလည်း တောင်ကုတ်မြို့မှ ရမ်းဗြဲမြို့နယ် စနဲမြို့ဖက်သို့ စစ်ကား ၈ စီးဖြင့် ရိက္ခာပို့ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်သားအင်အား ၁၆၀ခန့်နှင့် လက်နက် စားနပ်ရိက္ခာအပြည့်ပါကြောင်းသိရသည်။

ဒီဇင်ဘာ ၃၁ ရက်နေ့တွင်ပင် မအီမြို့မှ တောင်ကုတ်ဖက်သို့ စစ်ကား ၁၀ စီးဖြင့် စစ်သားအင်အား ၁၀၀ ခန့်နှင့် စားနပ်ရိက္ခာများအပြည့်ဖြင့် ပို့နေပြီး မအီမြို့မှ စစ်ကား ၅စီးဖြင့် ကျောက်ဖြူသို့ ရိက္ခာပို့ဆောင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲကာလတုန်းကတော့ တောင်ကုတ်ဖက်မှာ စစ်ကြောင်းလျှောက်တာတွေ့တယ်၊ ခုလိုမျိုး အများကြီး ရိက္ခာနှင့် စစ်အင်အား တိုးချဲ့နေတာမျိုး မတွေ့ဖူးပါဘူး။ ဒီတစ်ခါသာ တိုက်ပွဲ ထပ်ဖြစ်ရင် ဒီမှာတွေမှာပါ ဖြစ်လာတော့မယ်ထင်တယ် ဟု မအီမြို့မှ ဒေသခံ တစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ကလည်း အမ်းမြိုမှ စစ်ကား ၁၁ စီးသည် ရိက္ခာပို့ဆောင်ရန် ထွက်ခွာလာပြီး ၎င်းအထဲမှ ၅ စီးသည် အမ်းမြို့နယ် ညောင်ချောင်းရွာဖက်သို့ ရိက္ခာပို့ရန်သွားခဲ့ကြောင်း ဒေသခံများ သတင်းပေးချက်အရ သိရသည်။

ပုံစာ-ရခိုင်ပြည်မြောက်ပိုင်းတွင် စစ်ကောင်စီစစ်ကားဖြင့် ရိက္ခာတင်သွားနေသည့် ပုံဟောင်း/ABN

တောင်ကုတ်၊ သံတွဲ၊ ရမ်းဗြဲ၊ ကျောက်ဖြူ ဖက်တွင်လည်း စစ်ကောင်စီတပ် ရိက္ခာဖြည့်နေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ