Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်မှ သွားဆရာဝန် ဦးဇေယျကျော်ကို စစ်ကောင်စီဖမ်းဆီး

တောင်ကုတ်မြို့မှ သွားဆရာဝန် တစ်ဦးဖြစ်သည့် ဦးဇေယျကျော်ကို စစ်ကောင်စီတပ်မှ ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့ နေ့လည် ၃ နာရီက ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ဦးဇေယျကျော်ကို အိမ်ကား ၁ စီးဖြင့် အရပ်ဝတ် ဝတ်ထားသည့် စစ်ကောင်စီအဖွဲ့ဝင်၄ ဦးရောက်လာပြီး တောင်ကုတ်မြို့ရှိ ကလေးကစားကွင်းအနီး ဦးဥတ္တမရုပ်တုအနီးတွင် ဖမ်းဆီးယူသွားကြောင်း မျက်မြင်တစ်ဦးက ABN ကို ပြောသည်။

ဦဇေယျကျော်ကို အရပ်ဝတ်နဲ့ လူ ၄ ယောက် ကားတစ်စီးနဲ့ ရောက်လာပြီး ဖမ်းခေါ်သွားတာ တွေ့လိုက်ပါတယ်။ ဒီနေ့ နေ့လည် ၃ နာရီလောက်ပါ။ ဘယ်ကိ ဖမ်သွားကြမယ်မှန်းတော့ မသိပါဘူး။ ကျနော်က မြင်လိုက်ပဲ ရှိတာပါ ဟု မျက်မြင် တစ်ဦးက ပြောသည်။

အမည်မဖော်လိုသူ နောက်တစ်ဦး ဦးဇေယျကျော်ကို ဖမ်းသွားတာ သူ့ညီဖြစ်သူ ဦးမိုက်ကယ် ကို ဖမ်းဆီးထားမှုနဲ့ ပတ်သက်နိုင်ကြောင်း ပြောသည်။

ဦးမိုက်ကယ်ကို နိုဝင်ဘာလ ၄ ရက်နေ့ ည ၁၁ နာရီက စစ်ကာင်စီတပ်မှ နေအိမ်တွင် လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ဦးဇေယျကျော် အသက် ၄၇ နှစ်မှာ တောင်ကုတ်မြို့ ဦးညီလေး တံတားထိပ်၊ ဦးဥတ္တမလမ်း၊ ကံပိုင်ရပ်ကွက်တွင် မိသားစုနဲ့အတူ နေထိုင်သူဖြစ်သည်။

တောင်ကုတ်မှ သွားဆရာဝန် ဦးဇေယျကျော်ကို စစ်ကောင်စီဖမ်းဆီး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ