Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်မြို့ ကိုင်းရှည်တံတားအား ညအချိန် သွားလာခွင့် စစ်ကောင်စီက ပိတ်ထား

တောင်ကုတ်မြို့ ကိုင်းရှည်တံတားအား ညအချိန် သွားလာခွင့် စစ်ကောင်စီက ပိတ်ထား

AB News – မတ်လ ၂၅၊ ၂၀၂၄

ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့တွင် ကိုင်းရှည်တံတားအား ညအချိန်၌ အရပ်သားပြည်သူများကို စစ်ကောင်စီအဖွဲ့က ယနေ့ မတ်လ ၂၅ရက်နေ့မှ စပြီး သွားလာခွင့်ပိတ်ထားကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

ကိုင်းရှည်တံတားအား ညနေ ၆ နာရီခွဲအချိန်မှ နံနက် ၆ နာရီခွဲအချိန်ထိ သွားလာခွင့် ပိတ်ထားကြောင်း သိရသည်။

ယနေ့ မတ်လ ၂၅ရက်နေ့တွင် စစ်ကောင်စီအဖွဲ့က တောင်ကုတ်မြို့အဝင် ကိုင်းရှည်တံတားအား ဒေသခံပြည်သူများကို ညအချိန်၌ သွားလာခွင့် ပိတ်ထားသည်ဟု မြို့ခံ ၁ဦး ပြောသည်။

“အဲ့ဒီ တံတားပေါ်က ည ၆နာရီခွဲကနေ မနက် ၆နာရီခွဲ အချိန်ထိ သွားလာခွင့် ပိတ်ထားတယ်။ ဒီလို သွားလာခွင့် ပိတ်လိုက်တော့ နယ်ကလူတွေအတွက် အခက်ဖြစ်တာပေါ့။ နေမကောင်း တစ်စုံတစ်ရာဖြစ်ရင် ဆေးရုံလာလို့ မရကြတော့ဘူး။  ဒီတံတား ပိတ်လိုက်တဲ့အတွက် နယ်ခံတွေ စိုးရိမ်နေကြတယ်” ဟု ဆိုသည်။

အဆိုပါတံတားမှာ တောင်ကုတ်မြို့အဝင်အထွက် လမ်းမကြီးပေါ်တွင် တည်ရှိပြီး ဒေသခံများအတွက် အရေးပါသည့် တံတားပင် ဖြစ်သည်။

တံတား တစ်ဖက်တစ်ချက်တွင် စစ်ကောင်စီတပ်သားများကို လုံခြုံရေးတိုးမြင့်ချထားကြောင်း သိရသည်။

မတ်လ ၁၉ရက်နေ့ နံနက် ၈နာရီခွဲအချိန်တွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့က အမ်း-တောင်ကုတ်အဝေးပြေးလမ်းကို ဘတ်ဟိုးဖြင့် တူးဖော်ဖျက်ဆီးခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မောင်တောမြို့မြောက်ပိုင်း နခခ ( ၁) လက်အောက်ခံ အောင်မင်္ဂလာကျေးရွာတွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီကင်းစခန်းမှ တပ်ဖွဲ့ဝင် ၁၉ ဦးသည် မောင်တော-ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ဖောက်လုပ်ထားသည့် အာရှလမ်းမကြီးကို ဖျက်ဆီးခဲ့သည်။

 အမ်းမြို့နယ်ရှိ အမ်း-စစ်တွေ ကားလမ်းမဖြစ်သည့် ကျောက်စကွဲရွာအနီးရှိ တံတားနှင့် မီးလောင်ချောင်းရွာအနီးရှိ တံတားများကို စစ်ကောင်စီအဖွဲ့က  မတ်လ ၁ရက်နေ့တွင် ဖျက်စီးခဲ့​သည်။

ထို့အပြင် အမ်း-တပ်တောင်ကြားရှိ လုံးကျေးရွာ အဝင်ဘက်ရှိ တံတားနှင့် အထွက်ဖက်ရှိ တံတားများကိုလည်း စစ်ကောင်စီက ဘက်ဟိုးစက်ကြီးဖြင့် ဖြိုချ ဖျက်ဆီးထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်နေ့ ညဥ့် ၉ နာရီ၊ ၂၅ မိနစ်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီက မအီမြို့၊ မအီချောင်းတံတားနှင့် ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက ကျောက်ဖြူဖက်သို့ သွားသည့် လမ်းမကြီးတွင်ရှိသော ကျောက်ကြီးပေါက်ချောင်းတံတားကို ဖျက်ဆီးခဲ့သည်။

ကျောက်တော်မြို့အနီး ကစ္ဆပနဒီတံတားနှင့် စစ်တွေမြို့နယ်ရှိ အမြင့်ကျွန်းတံတားတို့ကိုလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ရက်နေ့က အကြမ်းဖက် စစ်ကောင်စီအဖွဲ့က Y12 စစ်ထောက်ပို့ လေယာဥ်ဖြင့် ဗုံးကြဲ ဖျက်ဆီးခဲ့သည်။ 

ရက္ခိုင်တွင် တိုက်ပွဲ စဖြစ်သည့် နိုဝင်ဘာလ ၁၃ ရက်နေ့မှစပြီး ရက္ခိုင်တပြည်လုံးအား ခရီးသွားလာခွင့်များကို စစ်ကောင်စီက ပိတ်ပင်ထားခဲ့သည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ