Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်မြို့မှ အရပ်သား ၆ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်းသိရ

တောင်ကုတ်မြို့မှ အရပ်သား ၆ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်းသိရ

AB News-နိုဝင်ဘာ ၁၃၊ ၂၀၂၃

ရခိုင်ပြည် တောင်ကုတ်မြို့မှ အရပ်သား ၆ ဦးအားယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ မနက်က စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လာရောက် ဖမ်းဆီးသွားကြောင်း သိရသည်။

ဖမ်းဆီးခံရသူမှာ ငွေတောင်စတိုးဆိုင်ပိုင်ရှင် ကိုမောင်ချေ၊ စိုးမိုးဆီဆိုင်ပိုင်ရှင် ကိုပေါက်စ၊ ဆိုင်ကယ်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင် ကိုအောင်အောင်၊ ရွှေပြည်တန်ဂိတ်မှူး ကိုအောင်မင်း၊ ကိုကျော်လှိုင်နှင့် ကိုအေးလွှင်တို့ဖြစ်ကြောင်း သိရသည်။

၎င်းတို့အားလုုးကို ယနေ့ နေ့လည် ၁၂ နှင့် ၂ နာရီကြားတွင် နေအိမ်များသို့လာရောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသွားသည်ကို AB News ကဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ထို့အပြင် တောင်ကုတ်မြို့ရှိ လုပ်ငန်းရှင်များအား စစ်ကောင်စီက လိုက်လံရှာဖွေ ဖမ်းဆီးရန်ကြိုးစားနေကြောင်း ခိုင်လုံသတင်းရင်းမြစ်ကပြောသည်။

ရခိုင်တွင် ယနေ့ မနက် ၅ နာရီခွဲကစပြီး ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီတပ်စခန်း ၃ ခုကိုလည်း သိမ်းဆည်းရမိထားပြီး ဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်အဖွဲ့သည် တောင်ကုတ်မြို့နယ်ဖက်တွင် စစ်ရေးလှူပ်ရှားမှု များပြားလာနေသည်ကို လေ့လာသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ