သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်မြို့ပေါ် ရပ်ကွက်များတွင် ရေကြီးနေသည်ဟုသိရ

ABN-ရှိုင်းမိုး

သြဂုတ် ၈ရက်

ရခိုင်တွင် ဇူလိုင်လ ၃၁ ရက်နေ့က မုန်တိုင်းငယ်တိုက်ခိုက်ခဲ့သောကြောင့် ရေကြီး၍ မိုးများအဆက်မပြတ်ရွာသွန်နေပြီး ဒီရေတိုးလာမှုကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ကြရသည်။

ယနေ့ သြဂုတ်လ ၈ရက်နေ့ နံနက်အစောပိုင်းအချိန်မှစ၍ တောင်ကုတ်မြို့ပေါ်ရှိ ရပ်ကွက်တချို့တွင် ရေကြီးနေပြီး လမ်းများတွင် ဆိုင်ကယ်များ၊ ကားများ၊ အိန္ဒိယ တုတ်တုတ်ချေ များသွားလာ၍ မရကြောင်းသိရသည်။

တောင်ကုတ်မြို့ပေါ်ရှိ မြေနိမ့်ရပ်ကွက်တချို့တွင် ရေနစ်မြုပ်နေပြီး ဒီရေမှာလည်း ဆက်လက်တိုးလာသည်ဟုသိရသည်။

တောင်ကုတ်မြို့ ချောင်းကောက်ရပ်ကွက်တွင် ရှိသည့် ရေမင်းကျောင်း ပညာဒါနပရဟိတကျောင်းတွင် ရေစ ဝင်နေသောကြောင့် ကျောင်းသူ၊ ကျောင်းသားများမှာ အခက်တွေ့နေရကြောင်း ပရဟိတဦးဆောင်သူ ဒေါ်ခင်မာရီအီးယောင် ကပြောသည်။

“ရေက ဒီနေ့မှ ကျွန်မတို့ကျောင်းမြုပ်တာ၊ တခြားနေ့တွေကဆိုရင် ရေမရောက်ပါဘူး၊ ဒီနေ့ မနက်စောစောက စဝင်တာ၊ ကျောင်းမှာက မြေနိမ့်ဘက်ခြမ်းလည်းသိပ်မရှိဘူး၊ ညနေဘက်ဆိုရင်ဒီထက်ရေပိုတိုးလာနိုင်တယ်၊ ရေထပ်တိုးရင် ကျောင်းသူ၊ ကျောင်းသားတွေ ထိုင်ခုံတွေမှာနေကြရမယ်၊ ကုန်းမြင့်မရှိဘူး” ဟုပြောသည်။

ရေမြုပ်နေသော ရပ်ကွက်တချို့မှာ ကံပိုင်ရပ်ကွက်၊ ဂုတာရပ်ကွက်၊ သိမ်တောင်ရပ်ကွက်၊ ကိုင်းရှည်ရပ်ကွက်အပါဝင် မြို့မစျေးကြီးသို့ရေစ ဝင်နေပြီး မြေနိမ့်နေရာနေရာများတွင် ရေနစ်မြုပ်နေကြောင်းသိရသည်။

ရခိုင်တွင် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ တောင်ကုတ်၊ မောင်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာတချို့လည်း ရေနစ်မြုပ် နေကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ