Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်မြို့ပေါ်မှ ရွှေဆိုင်တစ်ဆိုင် နေ့ခင်းအချိန် ဓားမြတိုက်ခံရ

ABN-ရှိုင်းမိုး

ဇူလိုင် ၂၇ရက်

ယနေ့ ဇူလိုင်လ ၂၇ ရက် နေ့လည် ၃နာရီခန့်အချိန်က တောင်ကုတ်မြို့ပေါ်ရှိ ရွှေဆိုင်တစ်ဆိုင်ဓားမြတိုက်ခံရသည်ဟုသိရသည်။

ဓားမြတိုက်ခံရသည့်ရွှေဆိုင်မှာ တောင်ကုတ်မြို့နယ်ခန်းမအနီးရှိ ရွှေပွင့်အိမ်ရွှေဆိုင်ဖြစ်သည်ဟုသိရှိရသည်။

ဓားမြတိုက်သွားသောသူများမှာ လူငယ် ၂ယောက်ဖြစ်ပြီး ဆိုင်ကယ်စီးနင်းလာကြပြီး ရွှေဆိုင်ရှေ့ရောက်သောအခါ ဆိုင်ကယ်ရပ်၍ ရွှေထည်များကိုလုယူသွားသည်ဟု တောင်ကုတ်ဒေသခံတစ်ဦးကပြောသည်။

ဓားမြတိုက်ခံရသောရွှေဆိုင်အနီးတွင် မီးပွိုင့်လည်းရှိပြီး ဆိုင်ကယ်ကယ်ရီဂိတ်လည်းရှိသည်ဟုသိရသည်။ လမ်းသွားလမ်းလာလူတွေလည်းအများအပြားရှိသည်ဟုသိရသည်။

ထိုဓားမြ ၂ယောက် ရွှေထည်လုသည့်အချိန်တွင် ဆိုင်ထဲက အမျိုးသမီးက ပြန်လိုက်လုသေးသောကြောင့် ထိုအမျိုးသမီးကို သေနတ်အတိုနဲ့ထိုးချိန်လိုက်သည်ဟုမျက်မြင်သက်သေတစ်ဦးကပြောသည်။

” သူတို့က အတင်းရဲလိုက်ကြတာ၊ အဲဒီဆိုင်နားမှာ လူတွေလည်းအများကြီးရှိတယ်၊ သူတို့ရွှေလုတဲ့အချိန်မှာ ဆိုင်ထဲက မိန်းကလေးက ပြန်လုသေးတယ်၊ အဲဒါနဲ့ သူတို့မှာ ပါတဲ့ သေနတ်အတိုနဲ့ မိန်းကလေးငယ်ကို ထိုးချိန်လိုက်သေးတယ်” ဟု၎င်းကဆိုသည််။

ဆိုင်ရှေ့မှ လူများက ဓားမြ ၂ယောက်ကို ခဲနဲ့ဝိုင်းပစ်ကြသောကြောင့် သေနတ်နဲ့ချိန်ခဲ့သော်လည်း သေနတ်တချက်မှပစ်ခတ်ခြင်းမရှိဟု နောက်ထပ် မျက်မြင်သက်သေတသ်ဦးကပြောသည်။

” သူတို့က သေနတ်တွေနဲ့ပါ၊ သူတို့ကို လူတွေ ကျောက်ခဲနဲ့လိုက်ပစ်ကြသေးတယ်၊ သူတို့က အဲလူတွေကို သေနတ်နဲ့ချိန်ခဲ့တယ်၊ ပစ်တော့တချက်မှမပစ်ခဲ့ဘူး၊ ပြီးတော့ ရဲစခန်းဖက်ကိုဦးတည်ပြီးထွက်သွားကြတယ်၊” ဟု၎င်းကပြောသည်။

ထိုဓားမြ ၂ယောက်ထဲက ဆိုင်ကယ်မောင်းသည့်အမျိုးသားမှာ ဂျင်းဂျာကင်ဝတ်ဆင်ထားသည်ဟုသိရသည်။

ဓာတ်ပုံ-ကိုဟိန်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ