Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်မြို့နယ် နတ်မော်ရွာတွင် အမျိုးသမီးငယ်တစ်ဦးကို ဓားဖြင့်ထိုးကာ ရွှေ ၁၀ ကျပ်ကျော်နှင့် ငွေများကို လုယူမှုဖြစ်

ABN-ရှိုင်းမိုး

ရခိုင်ပြည် တောင်ကုတ်မြို့နယ် နတ်မော်ရွာမှ ဦးမောင်မြင့်နိုင်၏ နေအိမ်ကို ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ညည့် သန်ခေါင်ယံ ၂ နာရီခန့်တွင် အမည်မသိ လူ ၁ ဦး ဝင်ရောက်ပြီး သမီးဖြစ်သူအား ဓားဖြင့် ထိုးကာ ရွှေ ၁၀ ကျပ်ကျော်နှင့် ငွေများကို လုယူမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဓားထိုးခံရသူမှာ ဦးမောင်မြင့်နိုင်၏ သမီး မနှင်းယုလှိုင် အသက် ၂၁ နှစ်ဖြစ်သည်။

“ သူခိုးက တစ်ယာက်ထဲဝင်လာတာပါ၊ သူ့နောက်ကလူတွေပါလား မပါလားမသိပါဘူး၊ သူခိုးဝင်လာတာကို မြင်လို ဓားထိုးခံရတဲ့ သူကအော်ပါတယ်၊ အဲဒါကြောင့် သူခိုးက သူရဲ့ ဝမ်းဗိုက်ကို ဓားနဲ့ထိုးခဲ့ပြီး၊ ရွှေ ၁ဝ ကျပ်ကျော်နဲ့ နွားရောင်းထားတဲ့ ပိုက်ဆံတွေကိုပါ ခိုးယူသွားပါတယ်” ဟု အမှုနှင့်နီးစပ်သူရွာသားတစ်ဦးက ပြောသည်။

လက်ရှိတွင် ဓားထိုးခံလိုက်ရတဲ့ မနှင်းယုလှိုင်ကို တောင်ကုတ်မြို့နယ် ကုတင် ၁၀၀ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်းလည်း သိရသည်။

ဖေဖော်ဝါရီလ ၁ရက်နေ့နှင့် ၅ရက်နေ့ကလည်း တောင်ကုတ်မြို့နယ်တွင် ဆိုင်ကယ် ကယ်ရီသမား ၂ဦးကို သတ်ပြီး ဆိုင်ကယ်ကို လုယူသွားမှုဖြစ်ပွားခဲ့ပြီး တရားခံကို ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကလည်း မင်းပြားမြို့နယ်တွင် သူခိုးဓားမြ ၂ဦးကို ရက္ခိုင်ပြည်သူ့အစိုးရ ရဲတပ်ဖွဲ့မှ ဖမ်းဆီးထားကြောင်းလည်း သိရသည်။

တောင်ကုတ်မြို့နယ် နတ်မော်ရွာတွင် အမျိုးသမီးငယ်တစ်ဦးကို ဓားဖြင့်ထိုးကာ ရွှေ ၁၀ ကျပ်ကျော်နှင့် ငွေများကို လုယူမှုဖြစ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ