Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်မြို့နယ်မှ ပြည်သူများလည်း မုန်တိုင်းရှောင်နေကြရ

တောင်ကုတ်မြို့နယ်မှ ပြည်သူများလည်း မုန်တိုင်းရှောင်နေကြရ

ABN-မေ ၁၂ ရက်

ရခိုင်ပြည် တောင်ကုတ်မြို့နယ် ပန်းတင်တိုက်နယ် ကုလရောင်ရွာနှင့် ပန်းတင်ရွာများမှ ပြည်သူ ၅၀၀ ခန့် တောင်ကုတ်မြို့ပေါ်သို့ ULA/AA တပ်ဖွဲ့ဝင်များက ပြောင်းရွှေ့ပေးလျက်ရှိနေကြောင်း သိရသည်။

ရွာသားများကို ယနေ့မနက်က စ၍ Light Truck၊ ဟိုင်းဂျက် ကားများဖြင့် အခမဲ့ ရွှေ့ပြောင်းနေကြောင်း ကူညီကယ်ဆယ်ရေးလုပ်နေသည့် တာဝန်ရှိသူ ၁ ဦးက ABNသို့ ပြောသည်။

“ကျနော်တို့ ပြည်သူတွေကို လုံခြုံတဲ့နေရာကို စီစဥ်ထားတဲ့ တေဘာကား၊ Light Truck၊ ဟိုင်းဂျက် ကားတွေနဲ့ အခမဲ့ ကူညီဆောင်ရွက်ပေးနေပါတယ်၊ အခုအချိန်ထိတော့ စာရင်းက အတိအကျမရသေးပါဘူး၊ ခန့်မှန်းချေ ၅၀၀ ဝန်းကျင်ရှိပါတယ်” ဟုပြောသည်။

ထို့အပြင် မြေပုံ၊ ပေါက်တော၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးမြို့နယ်များမှ ပြည်သူများမှာလည်း မုန်တိုင်းဘေးလွတ်ရာ နေရာများသို့ ပြောင်းရွှေ့ကာ မုန်တိုင်းအန္တရာယ်ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ရက္ခိုင့်တပ်တော်၏ အကူအညီဖြင့် ပြောင်းရွှေ့မှုများ ပြုလုပ်လျက်ရှိသည်။

ရက္ခိုင့်တပ်တော် ထိန်းချုပ် လွှမ်းမိုးရာ ဒေသများမှ ပြည်သူများကို မုန်တိုင်းဘေးလွတ်ရာသို့ ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များက ကား၊ စက်လှေ၊ ဘုတ်များဖြင့် ကူညီပြောင်းရွှေ့ပေးမှုများကို ပြုလုပ်ပေးလျက်ရှိနေပြီး ရပ်ရွာများအတွင်း မုန်တိုင်းတိုက်ခတ်စဥ် အန္တရာယ်ဖြစ်စေသည့် သစ်ပင်များအား ခုတ်လှဲခြင်း၊ ဖြတ်တောက်ခြင်းများကို ပြုလုပ်ပေးလျက်ရှိသည်ကိုတွေ့ရသည်။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းသည် လက်ရှိအချိန်တွင် စစ်တွေမြို့၏ ရေမိုင် ၄၀၀ ကျော်အကွာသို့ ဗဟိုပြုရောက်ရှိနေပြီး မေလ ၁၄ ရက်နေ့တွင် စစ်တွေ၊ ကျောက်ဖြူမြို့အနီးတို့မှ ဖြတ်သန်းဝင်ရောက်လာနိုင်ကြောင်း မိုးဇလ ထုတ်ပြန်ချက်အရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ