Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်မြို့နယ်တွင် လူသေအလောင်း ၁ လောင်းတွေ့ရှိ

ABN-နွယ်စိုး

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ် ကမ်းဒေးရွာသစ်ကေရွာ၏ ချောင်းတစ်ဖက်ကမ်းခြုံပုတ်အောက်တွင် ယမန်နေ့ မေလ ၅ ရက် နံနက် ၁၀ နာရီခန့်က ခေါင်းနှင့် လည်ပင်းတွင် ဒုတ်ဒဏ်ရာများဖြင့် လူသေအလောင်း ၁ လောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူမှာအသက် ၆၀ နှစ်အရွယ် ဦးသိန်းဟန်ဖြစ်ပြီး ၄င်း၏ ညာဖက် လည်ပင်းနှင့် ခေါင်းတွင် ဒုတ်ဖြင့် ရိုက်နှက်ထားသည့် ဒဏ်ရာများ ပါရှိကြောင်း သိရသည်။

၄င်းအပြင် ယမန်နေ့ နံနက်ပိုင်းကလည်း မြောက်ဦးမြို့ ဗန္ဓုလတံတား‌အောက်အနီးတွင် အမည်မသိ လူသေလောင်း ၁ လောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်တွင် လူသေအလောင်း ၁ လောင်းတွေ့ရှိ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ