Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်မြို့နယ်တွင် လူသတ် ခိုးဆိုးလုယက်မှုများလာသည့်အတွက် ကျေးရွာအချို့တွင် လုံခြုံရေး ကင်းများစောင့်နေကြရ

တောင်ကုတ်မြို့နယ်တွင် လူသတ် ခိုးဆိုးလုယက်မှုများလာသည့်အတွက် ကျေးရွာအချို့တွင် လုံခြုံရေး ကင်းများစောင့်နေကြရ

ABN-ရာဟု

ရခိုင်ပြည် တောင်ကုတ်မြို့နယ်တွင် လူသတ်ကာ ခိုးဆိုးလုယက်မှုများ ရှိလာသည့်အတွက် ဖေဖော်ဝါရီလ၂၀ ရက်က စတင်ကာ ကျေးရွာအချို့တွင် လုံခြုံရေးအတွက် ရွာသားများစုပေါင်းကာ ကိုယ်ထူကိုယ်ထ အလှည့်ကျ ညကင်းများ စောင့်နေကြရသည်ဟု သိရသည်။

တောင်ကုတ်မြို့နယ်ရှိ ‌ရွှေပန်းတော၊ ဝဲကြီးထောင့်၊ ရွာသစ်ကျေးရွာ၊ မှိုဟင်းတောနှင့် အောင်သုခကျေးရွာများတွင် ရွာသားများစုပေါင်းကာ အလှည့်ကျ ကင်းစောင့်နေကြကြောင်းသိရသည်။

တောင်ကုတ်မြို့နယ်ရှိ ရွာများတွင် ဖြစ်ပျက်နေတဲ့ မှုခင်းကိစ္စများ အဓိက နတ်မော်ရွာထဲကိုဝင်ပြီး ခိုးယူ လုယက်ရုံတင်မက လူသတ်သည်အထိ ဖြစ်လာသောကြောင့် ကိုယ့်ရပ်ကိုယ့်ရွာကို ကာကွယ်သည့်အနေဖြင့် ရပ်ရွာလုံခြုံရေးအတွက် ရွာသားများစုပေါင်းကာ တစ်ညလျှင် လူ၅ယောက်ဖြင့် အလှည့်ကျ ကင်းစောင့်နေကြခြင်းဖြစ်ကြောင်း ‌ရွှေပန်းတော ကျေးရွာအုပ်ချုပ်ရေးမှူး ကိုသီဟက ပြောဆိုသည်။

“အဓိက တောင်ကုတ်မြို့နယ်မှာ ဖြစ်ပျက်နေတဲ့ မှုခင်းကိစ္စတွေ နတ်မော်မှာ ရွာထဲကိုဝင်ပြီး သတ်တဲ့ဟာတွေကြောင့် ရပ်ရွာလုံခြုံရေးအတွက် ကျေးရွာသူရွာသားတွေ စုပေါင်းလို့ တစ်ညကို ၅ယောက်ကျ ကင်းစောင့်နေတာ” ဟု ရွေပန်းတောအုပ်ချုပ်ရေးမှူးက ABN ကိုပြောဆိုသည်။

အလားတူ အောင်သုခကျေးရွာတွင်လည်း ညကင်းများကို ရပ်ရွာ လုံခြုံရေးအတွက် ရွာသားများစုပေါင်းကာ အလှည့်ကျ ရွာထိပ်ဝတွင် ကင်းရုံများဖြင့် စောင့်လျှက်ရှိနေကြောင်း ရွားသားတစ်ဦးက ပြောဆိုသည်။

“ကျနော်တို့ ရွာမှာလဲ လုံခြုံရေးအတွက်စုပြီး ကင်း နေ့‌ရော့ညပါ ကင်းစောင့်တာတွေ လုပ်နေကြတယ်။ ခုကခိုးတာတောင်မဟုတ်တော့ဘူ လူသတ်မှုတွေပါဖြစ်လာတာ” ဟု အောင်သုခရွာသားတစ်ဦးဖြစ်သူ ကိုမျိုးလွင်က ABNကိုပြောသည်။

တောင်ကုတ်မြို့နယ်ရှိ နတ်မော်ရွာတွင် ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဦးမောင်မြင့်နိုင်၏ အိမ်ထဲရှိပစ္စည်းများကို ဝင်ရောက်ခိုးယူပြီး သမီးဖြစ်သူ မနှင်းယုလှိုင်ကိုပါ ဓား​ဖြင့် ထိုးသတ်မှုဖြစ်ပျက်ခဲ့သည်။

ထို့အ​ပြင် ဖေဖော်ဝါရီလ ၅ရက်နေ့ကလည်း ချောင်းခေါင်းရပ်ကွက်မှ ဆိုင်ကယ်ကယ်ရီအငှားမောင်းနှင်းသူ ဦးသောင်းမြင့် မောင်းချောင်းတံတားအနီးတွင် အသတ်ခံရကာ ဆိုင်ကယ်ကို လူသတ်သမားများက ယူသွားကြောင်း သိရသည်။

ထို့နည်းအတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၇ နာရီကျော်ကလည်း တောင်ကုတ်မြို့နယ် တန်းလွှဲရွာမတိုက်နယ် ကျွန်းတောတောင်အနီး ချောင်းကမ်းစပ်တွင် ဆိုင်ကယ် ကယ်ရီမောင်းသူ တစ်ဦး အသတ်ခံရပြီး ဆိုင်ကယ်ကို ယူသွားခဲ့ကြကြောင်း ဒေသခံများ သတင်းပေးချက်အရ သိရသည်။

ယခုလများအတွင်း တောင်ကုတ်မြို့နှင့် သံတွဲမြို့နယ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လှုပ်ရှားမှု မျယးနေသည်ကို တွေ့ရှိရသည်။

ဓာတ်ပုံ-တောင်ကုတ်မြို့နယ် ရွှေပန်းတောရွာတွင် ရွာအဝင်ဝ၌ ကင်းရုံဆောက်၍ စောင့်နေရသည့်မြင်ကွင်း/ABN

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ