Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား AA မိုင်းဆွဲတိုက်ခိုက်၊ စကစ တပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးပြီး ၊ ဖော့ကား ၁ စီးအပါအဝင် ကား ၂ စီးပျက်စီး

AB News – မတ်လ ၇၊ ၂၀၂၄

ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ် ၉ မိုင်တောင်သို့တက်လာသည့် စစ်ကောင်စီယာဥ်တန်းအား ရက္ခိာင့်တပ်တော်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးပြီး ဖော့ကား (Ford) ကား ၁စီးနှင့် စစ်ဖက်သုံးကား ၁စီး ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ မတ်လ ၆ ရက်နေ့တွင် နံနက် ၅ နာရီ ၂၀ မိနစ်တွင် တောင်ကုတ်မြို့မ လျှပ်စစ် ပင်မဓာတ်အားခွဲရုံ၏ အနောက်ဖက် ဘာယေကျေးရွာအနီး ၉ မိုင်တောင်သို့တက်လာသည့် စစ်ကောင်စီယာဥ်တန်းအား ရက္ခိုင့်တပ်တော်က မိုင်းဆွဲကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ တစ်ဦးက AB News သို့ ပြောသည်။

“စစ်ကောင်စီကားတွေက အများကြီးပါ။ သူတို့ရွာဖက်ကနေပြီး တောင်ပေါ်ကိုတက်လာတယ်။ AA က ထိုးစစ်ဆင်တိုက်ခိုက်တယ်။ ပွဲကအရမ်းကြမ်းပါိတယ်။ စစ်ကောင်စီအဖွဲ့ဝင် ၃၀ ကျော်သေသွားတယ်။ ကား ၂ စီးလည်း မိုင်းခွဲခံလိုက်ရတယ်” ဟု ဆိုသည်။

တိုက်ပွဲ ဖြစ်ပွားနေစဥ်အတွင်း အကြမ်းဖက် စစ်ကောင်စီအဖွဲ့က ရပ်ရွာများသို့ လက်နက်ကြီးများဖြင့် လှမ်းပစ်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်းတိုက်ပွဲများကြောင့် အကြမ်းဖက်စစ်ကောင်စီသည် တောင်ကုတ်မြို့မတိုက်နယ် ကိုင်းရှည်တံတားကို ည ၇ နာရီ ၄၀ မိနစ်တွင် ပိတ်ထားခဲ့ပြီး ဒေသခံပြည်သူများလည်း အခက်တွေ့ခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော်သည် မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊မအီမြို့များကို အပြီးသတ်ထိန်းချုပ်ထားနိုင်သော်လည်း စကစဖက်မှ လေကြောင်းတိုက်ခိုက်မှုနှင့် နေဗီမှလက်နက်ကြီးများဖြင့် လူနေရပ်ရွာများသို့ နေ့စဥ်ရက်ဆက် ပစ်ခတ်လျက်ရှိသည်။

စစ်ကောင်စီ၏ လေကြောင်းရန်ကို ကာကွယ်နိုင်ရန်အတွက် ရက္ခိုင်ရှိ AA ထိန်းချုပ်နယ်မြေများတွင် လေကြောင်း အချက်ပေးစနစ်များတပ်ဆင်ရန်စီစဥ်နေကြောင်း မတ်လ ၄ နေ့ကပြုလုပ်သည့် ULA/AA၏ အဋ္ဌမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ခိုင်သုခက ပြောခဲ့သည်။

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ