Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်မြို့နယ်တွင် လူသေအလောင်းတစ်လောင်းတွေ့ရှိ

ABN-ရှိုင်းမိုး

တောင်ကုတ်မြို့နယ် တန်းလွှဲရွာမတိုက်နယ် ကျွန်းတောတောင်အနီး ချောင်းကမ်းနားတွင် လူသေအလောင်းတစ်လောင်းတွေ့ရှိကြောင်းသိရသည်။

ယနေ့ နံနက် ၇ နာရီကျော်ခန့်အချိန်တွင် တွေ့ရှိပြီး ထိုအလောင်းသည် တောင်ကုတ်မြို့နယ် ချောင်းကောက်ရပ်ကွက်မှ ဖြစ်ကြောင်းသိရသည်။

ထိုအလောင်း၏ အမည်နှင့်အသက်ကိုမူ ABN မှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဇန်နဝါရီလ ၃၀ရက်နေ့ နံနက်ပိုင်းအချိန်တွင်လည်း ရသေ့တောင်မြို့နယ် စေတီပြင်ရွာအနီး အောက်ကျောင်းတောင် ချောင်းဝတွင် လူသေအလောင်းတစ်လောင်းထပ်တွေ့ရှိခဲ့သည်။

ယခုနှစ် ၂၀၂၃ ခုနှစ်မှစကာ ရခိုင်တွင် ရေထဲမှ လူသေအလောင်း ၈ လောင်းကို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များဆည်ယူခဲ့ရသည်ကို တွေ့ရှိခဲ့ကြသည်။

တောင်ကုတ်မြို့နယ်တွင် လူသေအလောင်းတစ်လောင်းတွေ့ရှိ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ