Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်မြို့နယ်တွင် ပင်လယ်ရေကြီးသောကြောင့် လူနေအိမ် ၄၆ အိမ် ပြိုကျပျက်စီး

ABN-ရှိုင်းမိုး

သြဂုတ် ၃ ရက်

ရခိုင်ပြည် တောင်ကုတ်မြို့နယ် ပန်းတင်းတိုက်နယ် ကုလရောင်ရွာထဲရှိ အောင်မင်းရှောင်အပိုင်းတွင် ပင်လယ်ရေကြီးမှုကြောင့် ကမ်းပါးပြိုကျ၍ လူနေအိမ် ၄၆ ဆောင် ပြိုကျပျက်စီးသွားသည်ဟုသိရသည်။

သြဂုတ်လ ၂ရက်နေ့ နေ့လည် ၁နာရီကျော်အချိန်တွင် မိုးကြီးပြီး ပင်လယ်ရေလှိုင်းကြီးသောကြောင့် လူနေအိမ် ၄၀ခန့်ပျက်စီးသွားပြီးနောက် နေအိမ် ၆ ဆောင်မှာလည်း ပြိုကျခဲ့သည်ဟု ဒေသခံတစ်ဦးဖြစ်သူ ကိုပေါက်စက ABN သို့ပြောသည်။

“ရွာက ကျွန်းမှာတည်ထားတာ၊ ဒါကြောင့် ပင်လယ်လှိုင်းဒဏ်ကိုခံနေကြရတယ်၊ မိုးပိုများလာရင် ပင်လယ်က လှိုင်းတအားခတ်တယ်၊ လေတိုက်ရင်လည်း လှိုင်းတအားခတ်တယ်၊ ဒါကြောင့် ကမ်းပါးနားကအိမ်တွေ ဘာမှမကျန်ဘူး” ဟုပြောသည်။

ကမ်းစပ်နားက လူနေအိမ်များမှာ ပြိုကျပျက်စီးသွားပြီး ရွာထဲရှိနေအိမ်များမှာ လူနေထိုင်သည့် အခန်းထိ ရေတတ်ခဲ့သည်ဟု ၎င်းကဆက်ပြောသည်။

အလားတူ သံတွဲမြို့နယ် ဆင်ခေါင်းဒေသဖက်တွင်လည်း ရေတဟုန်ထိုး ကျဆင်းမှုကြောင့် လူနေအိမ်များအထိအခိုက် ရှိခဲ့သည်ဟုသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ