Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်မြို့တွင် စစ်ကောင်စီတပ်မ ၅၄၄ မှ လက်နက်ကြီး လက်နက်ငယ်များပစ်ခတ်သံကြားရဟု ဒေသခံများပြော

ABN – ထက်မြတ်ခင်

ရခိုင်ပြည် တောင်ကုတ်မြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မ ၅၄၄ မှ ယနေ့နံနက် ၁၀နာရီအချိန်ခန့်တွင် နက်လက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကြားရသည်ဟု ဒေသခံများပြောကြားချက်အရ သိရသည်။

ထိုလက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်မှုကြောင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ခဲ့ရကြောင်း တောင်ကုတ်ဒေသခံတစ်ဦးမှ ABN ကိုပြောသည်။

“စစချင်းပစ်တဲ့အချိန်မှာ ကျွန်တော်တို့တော်တော်လန့်သွားပါတယ်၊ ပစ်သံကြားလိုက်ရတာတော့ လက်နက်ကြီးပစ်သံ ၂၁ချက်နဲ့ လက်နက်ငယ်ပစ်သံကတော့ ၃၀နီးပါးလောက်ပါ၊ ကျွန်တော်ကြားရသလောက်ကတော့ လက်နက်စမ်းတယ်လို့ကြားပါတယ်” ဟုပြောသည်။

လက်နက်စမ်းပစ်ခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ပြောကြသော်လည်း ABN အနေဖြင့် အတည်ပြုနိုင်ရန် နယ်လုံကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ​ဖြေဆိုခြင်းမရှိခဲ့ပါ။

မင်းပြားမြို့နယ် တိုင်းဗဟို (၉)မှလည်း လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုများကို မကြာမကြာပြုလုပ်နေသည်ကိုတွေ့ရသည်။

ထို့အပြင် သံတွဲဘက်မှ တောင်ကုတ်မြို့ဘက်သို့ လက်နက်အင်အား၊ လူအင်အားနှင့် စားနပ်ရိက္ခာများကို ယခုလ ဇန်နဝါရီလအတွင်း ဖြည့်တင်းမှုများကို စစ်ကောင်စီအနေဖြင့် ဆက်တိုက်ပြုလုပ်ခဲ့သည်။

တောင်ကုတ်မြို့တွင် စစ်ကောင်စီတပ်မ ၅၄၄ မှ လက်နက်ကြီး လက်နက်ငယ်များပစ်ခတ်သံကြားရဟု ဒေသခံများပြော

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ