Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်တွင် ၃နှစ်အရွယ် ကလေးငယ် ၁ဦး ရေနစ်သေဆုံး

ABN-ရှိုင်းမိုး

ရခိုင်ပြည် တောင်ကုတ်မြို့ နယ်တွင် အသက် ၃နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦး ‌ရေနစ်သေဆုံးခဲ့သည်ဟုသိရသည်။

သေဆုံးသွားသော ကလေးငယ်သည် တောင်ကုတ်မြို့နယ် ချောင်းကောက်ရပ်ကွက် ရေလယ်ကျွန်းမှ ဦးဇော်မင်းလွင်၏သား အသက် ၃နှစ်အရွယ်ရှိ မောင် မျိုးဟိန်းကျော်ဖြစ်သည်။

ထို ကလေးငယ်သည် ယမန်နေ့ ညနေ ၄နာရီအချိန်တွင် အိမ်မှပျောက်သွားသည်ဟုသိရသည်။

ထိုကလေးငယ်ကို ရပ်ကွက်သားများက ဝိုင်းကူ၍ ရှာကြသော်လည်း မတွေ့ခဲ့ပေ။ ထိုကလေးငယ်အား ယနေ့ နံနက် ၆နာရီခန့်တွင် ရေလယ်ကျွန်း ချောင်းဝ၌ သေဆုံးနေသည်ကိုတွေ့ခဲ့သည်ဟု ဆိုသည်။

“မနေ့က သူ ၄နာရီလောက်ကပျောက်သွားပါတယ်၊ မနေ့က တအားလိုက်ရှာကြပါတယ်၊ မတွေ့ပါဘူး၊ ချောင်းနှင့်သိပ်မဝေးပါဘူး၊ ဒီနေ့ ၆နာရီလောက်မှာ ချောင်းဝအနီးမှာသေနေတာကိုပဲတွေ့ပါတယ်” ဟုရွာသားတစ်ဦးကပြောသည်။

ယနေ့ မနက်ကလည်း ​မြောက်ဦးမြို့ ဗန္ဓုလတံတားအောက်တွင် အမည်မသိ အမျိုးသား အလောင်း ၁ လောင်း ရေနစ် သေဆုံးနေသည်ကိုတွေ့ရသည်။

ဧပြီလ ၂၃ရက်နေ့တွင်လည်း ပုဏ္ဏားကျွန်းမြို့ အလယ်စုရပ်ကွက်မှ အသက် ၃၆နှစ်အရွယ် ဦးညီညီသည် ကင်းချောင်းဝတွင် ရေနစ်သေဆုံးခဲ့သည်။

တောင်ကုတ်တွင် ၃နှစ်အရွယ် ကလေးငယ် ၁ဦး ရေနစ်သေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ