Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်တွင် အသက် ၆၈နှစ်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး

ABN- ရာဟု

ရခိုင်ပြည် တောင်ကုတ်မြို့နယ် ရွာကြားထောင့်ရွာတွင် ဖေဖော်ဝါရီလ ၁၈ရက်နေ့ နံနက်အရုဏ် ၄နာရီဝန်းကျင်က အသက် ၆၈နှစ်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးသွားသည်ဟု သိရသည်။

သေဆုံးသူမှာ ဦးလှရွှေအသက် ၆၈နှစ်ဖြစ်ပြီး ၎င်းမှာ ဘုရားမော်ရွာမှဖြစ်ကြောင်း သိရသည်။

၎င်းသည် ရွာကြားထောင့်ရွာရှိ သမီးခင်မှာချိုထံသို့ အလည်ရောက်နေစဥ် ၎င်း၏သမက်ပိုင် ကြက်ခြံတွင် မနက်အရုဏ် ၄နာရီဝန်းကျင်ခန့်က ဆွဲကြိုးချ သေဆုံးသွားခြင်းဖြစ်သည်။

“သူ့မှာက သူ့မိန်းမနှင့်ကွဲနေတာ နှစ်၁၀ကျော်ပြီ။ သားသမီးတွေထံ အလည်လာတာပါ။ သူ့သမက်ပိုင်တဲ့ ကြက်ခံမှာ ကြိုးဆွဲချသေနေတာ မနက်က မှမြင်ကြတာပါ ။သေတာက၄နာရီကျော်လောက်မှာထင်တယ်” မျက်မြင်ရွာသားတစ်ဦးက ABNကို ပြောဆိုသည်။

လက်ရှိတွင် တောင်ကုတ်မြို့မဆေးရုံရှိ ရင်ခွဲရုံသို့ အလောင်းကို ယူဆောင်ကာ သက်ဆိုင်ရာက စစ်ဆေးမှုများ ပြုလုပ်နေကြောင်းသိရှိရသည်။

တောင်ကုတ်တွင် အသက် ၆၈နှစ်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ