Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်တွင် အသက် ၆၄နှစ်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

ABN-ရာဟု

ရခိုင်ပြည် တောင်ကုတ်မြို့နယ် ရွာမရွာတွင် အသက် ၆၄ နှစ်အရွယ် အမျိုးသားတစ်ဦး ဧပြီလ ၂၄ ရက်နေ့ ညည့် ၁၂နာရီခန့်က ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

သေဆုံးသွားသူမှာ အသက် ၆၄နှစ်အရွယ် ဦးအပါငယ် (ခ) ဦးထွေးရီ ဆိုသူဖြစ်ကာ ၎င်းပိုင်လယ်တောတဲတွင် သေဆုံးခြင်းဖြစ်သည်။

ဦးထွေးရီမှာ အရက်အလွန်သောက်သူဖြစ်ပြီး အရက်သောက်များ၍ စိတ်ကြောင်ကာ ကိုယ့်ကိုယ်ကို ကြိုဆွဲချသေဆုံးသွားခြင်းဖြစ်သည်ဟု ရွာသား ဦးဇော်ထွန်းက ပြောသည်။

“သူက အရက်အလွန်သောက်တာ၊ အသက်လည်းကြီးနေပြီ၊အရက်ကြောင်ကြောင်နေတာ ၊သူကို လယ်တဲမှာ ဆွဲကြိုးချသေနေတာကို တွေ့တာ”ဟု ပြောသည်။

သေဆုံးသူ ဦးအပါငယ် (ခ) ဦးထွေးရီ ကို ဧပြီလ ၂၆ ရက်နေ့ နေ့လယ် ၂နာရီတွင် သင်္ဂြိုလ်မည်ဟု သိရသည်။

ထို့အပြင် ဧပြီလ ၁၃ရက်ညနေ့ ၄နာရီခွဲကလည်း စစ်တွေမြို့ လမ်းမတော်တောင်ရပ်ကွက်မှ အသက်၁၉နှစ်အရွယ် မောင်စိုးနိုင်ဝင်းဆိုသူ တစ်ဦးဆွဲကြိုးချ သေဆုံးမှုဖြစ်ပွားခဲ့သည်။

တောင်ကုတ်တွင် အသက် ၆၄နှစ်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ