Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်တွင် အရပ်သားပြည်သူ ၁ဦးကို စစ်ကောင်စီအဖွဲ့ မတရားဖမ်းဆီး

တောင်ကုတ်တွင် အရပ်သားပြည်သူ ၁ဦးကို စစ်ကောင်စီအဖွဲ့ မတရားဖမ်းဆီး

AB News – မတ်လ ၁၀၊ ၂၀၂၄

ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်မှ အပြစ်မဲ့ အရပ်သားပြည်သူ ၁ဦးကို စစ်ကောင်စီတပ်သားများက ယနေ့ မတ်လ ၁၀ရက်၊ ၅နာရီခန့်အချိန်တွင် မတရားဖမ်းဆီးခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရသူမှာ တောင်ကုတ်မြို့နယ်၊ ခူးတိုက်နယ်၊ ချောင်းသုံးခွကျေးရွာမှ ဦးမြင့်ဦး ၅၈နှစ် ဖြစ်ကြောင်း သိရှိရသည်။

ယနေ့ မတ်လ ၁၀ရက်နေ့ ၅နာရီခန့်အချိန်တွင် တောင်ကုတ်မြို့နယ်၊ ခူးတိုက်နယ်အတွင်း လှည့်လည်ကာ ကင်းလှည့်နေသော အင်အား ၄၅ ဦးခန့်ပါ စစ်ကောင်စီစစ်ကြောင်းက ချောင်းသုံးခွရွာမှ ရွာသား ၁ဦးကို ဖမ်းဆီးခဲ့သည်ဟု ဒေသခံ ၁ဦးက ပြောသည်။

“ကင်းလှည့်နေတဲ့ စစ်ကောင်စီအဖွဲ့ဟာ တွေ့တဲ့သူကို စစ်ဆေးတယ်။ သတ်ပုတ်ပြီး မေးမြန်းတာတွေရှိတယ်။ ဒီက ရွာသားတွေဟာ ​ရွာပြင်တောင် မထွက်ရဲကြတော့ဘူး။ သူတို့(စစ်ကောင်စီ)ဟာ  ပြည်သူတွေ မတရားနှိပ်စက်နေတယ်” ဟု ဆိုသည်။

တောင်ကုတ်-သံတွဲ နယ်ခြားမှတ်တိုင်အလွန် သံတွဲဘက်အခြမ်းတွင် လယ်ယာလုပ်ကိုင်နေသည့်  ဦးမြင့်ဦးကို လယ်တဲ၌ စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခဲ့သည်။

စစ်ကောင်စီတပ်သားများသည် ဦးမြင့်ဦးအား လက်ထိပ်ခတ်ကာ သံတွဲမြို့ဘက်သို့ ဖမ်းဆီးခေါ်ယူခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့တွင် တောင်ကုတ်မြို့မတိုက်နယ် သာယာအေးကျေးရွာမှ ရွာသား ၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားကာ  ရိုက်နှက်စစ်ဆေးမှုများပြုလုပ်ပြီး ၃ ဦးကိုပြန်လွှတ်ပေးခဲ့ပြီး ၂ ဦးမှာ ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။

​ထို့အပြင် ငပလီအခြေစိုက် ၅၅ တပ်ရင်းမှ အင်အား ၃၃ ဦးပါသည့် အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် မတ်လ ၆ ရက်နေ့တွင် ခူးတိုက်နယ် ချောင်းသုံးခွရွာသို့ဝင်ကာ သားဖ ၃ ဦးအပါအဝင် ရွာသား ၄ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် ၅ နာရီကြာ နေလှန်းထားပြီး ပြန်လွှတ်ပေးခဲ့သည်။

လက်ရှိတွင် စစ်ရေး၊ နိုင်ငံရေး၌ အရှုံးကြီးရှုံးနေသည့် ဖက်ဆစ်စစ်ကောင်စီအဖွဲ့သည် ရက္ခိုင်ရှိ မြို့နယ်များတွင် လက်နက်အားကိုးဖြင့် အနိုင်ကျင့်စော်ကားမှုများ နေ့စဥ်ရက်ဆက်ပြုလုပ်လျှက်ရှိသည့်အတွက် အကြမ်းဖက်စစ်ကောင်စီအဖွဲ့၏ ထိန်းချုပ်ဧရိယာအတွင်း ပြည်သူများမှာ လုံခြုံမှု လုံးဝ ကင်းမဲ့လျက်ရှိနေသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ