Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်တွင် အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

ရခိုင်ပြည် တောင်ကုတ်မြို့တွင် အောက်တိုဘာ ၎ ရက်နေ့ ည ၁၁ နာရီခွဲအချိန်က အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း သိရသည်။

ဖမ်းဆီးခံရသူမှာ အဖ ဦးအောင်ကျော်ဝင်း၏ သား ကိုမိုက်ကယ် အသက် ၄၃ နှစ်ဖြစ်ပြီး နေအိမ်တွင် လာရောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ရပ်ကွက်သားတစ်ဦးက အတည်ပြုပြောသည်။

“ညဖက် လူတွေ အိပ်မောကျနေတဲ့အချိန်မှာ အရပ်ဝတ်တွေရော့ စစ်ယူနီဖောင်းတွေနဲ့ပါ အယောက် ၃၀ ကျော်လောက်ရှိမယ်ထင်တယ်။ ကိုမိုက်ကယ်ကို ဖမ်းခေါ်သွားကြတယ်” ဟု ပြောသည်။

ကိုမိုက်ကယ်တို့ မိသားစုမှာ ကျောက်တော်ဈေးတယ် ဈေးရောင်းစားကြသည်ဟု သိရသည်။

၎င်းသည် မိသားစုနဲ့အတူ တောင်ကုတ်မြို့ ဦးညီလေးတံတားထိပ်၊ ဦးဥတ္တမလမ်း၊ ကံပိုင်ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။

လာရောက်ဖမ်းဆီးစဥ် အိမ်စီးကား ၂ စီးဖြင့် အရပ်ဝတ် စစ်ယူနီဖောင်းဝတ် ၃၀ ယောက်မျှပါကြောင်း သိရသည်။

အောက်တိုဘာလနှင်ယခုနိုဝင်ဘာလတို့တွင် စစ်ကောင်စီတပ်သည် သံတွဲ၊ တောင်ကုတ်၊ ကျောက်ဖြူမြို့နယ်များမှ အရပ်သားများကို လိာက်လံ ဖမ်းဆီးနေပြီ AA နှင့်ဆက်စပ်သည်ဟုဆိုကာ တရားစွဲဆိုမှုများ ပြုလုပ်လျက်ရှိသည်။

တောင်ကုတ်တွင် အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ