Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်တွင် ရွှေဆိုင်ကို ဓားမြတိုက်ခဲ့သည့် တရားခံ ၁ ဦးကို ပစ္စည်းများနှင့်အတူ လက်ရ ဖမ်းဆီးရမိကြောင်းသိရ

ABN-ဇူလိုင် ၂၈ ရက်

ယမန်နေ့ ဇူလိုင် ၂၇ ရက်နေ့က ရခိုင်ပြည် တောင်ကုတ်မြို့တွင် ရွှေဆိုင် ၁ ဆိုင်အား ဝင်ရောက် ဓားမြတိုက်ခဲ့သည့် တရားခံ ၂ ဦးအနက် ၁ ဦးကို ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း သိရသည်။

တရားခံမှာ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ဇာတိဖြစ်ပြီး နေပြည်တော်တွင် နေထိုင်သူဖြစ်ကာ သေနတ်အတုဖြင့် ဓားမြတိုက်ခဲ့ခြင်းဖြစ်သည်ဟု တောင်ကုတ်မြို့ မျက်နှာဖုံး ဦးကျောက်တောင်က ပြောသည်။

၎င်းတရားခံနှင့်အတူ ဓားမြတိုက်ရာတွင် ပါသွားခဲ့သည့် ရွှေထည်များအားလုံးကို ပြန်လည် ရရှိခဲ့ကြောင်း သိရသည်။

တိုက်မြတိုက်မှုမှာ ယမန်နေ့ နေ့လည် ၃ နာရီခန့်က ဖြစ်ပွားခဲ့ပြီး မြို့နယ် ခန်းမအနီး ရွှေပွင့်အိမ် ရွှေဆိုင်ကို ဓားမြတိုက်ခံခဲ့ရခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ