Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်တွင် ရွာ ၂ ရွာမှ  သားဖ ၃ ဦးအပါအဝင်ရွာသား ၄ ဦးကို စစ်​ကောင်စီအဖွဲ့ ဖမ်းဆီးသွား

တောင်ကုတ်တွင် ရွာ ၂ ရွာမှ  သားဖ ၃ ဦးအပါအဝင်ရွာသား ၄ ဦးကို စစ်​ကောင်စီအဖွဲ့ ဖမ်းဆီးသွား

AB News – မတ်လ ၆ ၊ ၂၀၂၄

ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့၊  ခူးတိုက်နယ်တွင်  ရွာ ၂ရွာမှ သားဖ ၃ ဦး အပါအဝင်ရွာသား ၄ ဦးကို အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဖမ်းဆီးခံခဲ့ရသူများမှာ တဲမောက်ရွာမှအဖ ဦးကျော်လှ၏သား မောင်လုံးချေနှင့် ချောင်းသုံးခွရွာမှ သားဖ ၃ ဦး (အမည်စုံစမ်းဆဲ) ဖြစ်ပြီး မောင်လုံးချေမှာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

ငပလီအခြေစိုက် ၅၅ တပ်ရင်းမှ အင်အား ၃၃ ဦးပါသည့် အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် ယနေ့ မတ်လ ၆ ရက် နေ့လည် ၂ နာရီကျော်တွင် မူးတိုက်နယ်မှ ခူးတိုက်နယ် ချောင်းသုံးခွရွာသို့ဝင်လာပြီး သားဖ ၃ ဦးကိုဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“သူတို့က ရွာထဲကို ဝင်လာတယ်။ ပြီးတော့ အိမ်မှာရှိနေတဲ့ သားဖ သုံးယောက်ကိုဖမ်းသွားတယ်။ ရွာသားတွေလည်း ​ကြောက်ပြီး ပုန်းနေကြတယ်” ဟုဆိုသည်။

အလားတူ အင်အား ၃၀ ခန့်ရှိသော စကစတို့သည် ညနေ ၄ နာရီကျော်တွင် တဲမောက်ရွာသို့ဝင်လာပြီး ရွာသား မောင်လုံးအား ဖမ်းဆီးသွားခဲ့သည်။

ဖမ်းဆီးခံရသူများအား နေပူထဲတွင် နေလှန်းထားကာ နှိပ်စက်မှုများရှိကြောင်းလည်း သိရသည်။

တောင်ကုတ်၊ သံတွဲ၊ ကျောက်ဖြူ၊ အမ်းတို့တွင် အကြမ်းဖက်စကစအဖွဲ့သည် ပြည်သူများကို နေ့စဥ်ရက်ဆက်ဖမ်းဆီးမှုများရှိနေသည်။

တောင်ကုတ်မြို့နယ်တွင် ယနေ့ နေ့လည်က ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟုလည်း သိရသည်။

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ