Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်တွင် ရဲအုပ်တစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ကြောင်း သတင်းများထွက်ပေါ်

တောင်ကုတ်တွင် ရဲအုပ်တစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ကြောင်း သတင်းများထွက်ပေါ်

ABN-ရှိုင်းမိုး

တောင်ကုတ်မြို့နယ် ဖေဖော်ဝါရီလ ၂၄ရက်နေ့ မနက်က တောင်ကုတ်မြို့မရဲစခန်းမှ ရဲအုပ်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု သတင်းအရမ်းမြစ်တစ်ဦးမှပြောသည်။

ဖမ်းဆီးခံခဲ့ရသည့် ရဲအုပ်မှာ တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ် ဝင်းခိုင်ဖြစ်သည်ဟု ၎င်းကဆိုသည်။

“ဘာကြောင်းဖမ်းတာလဲမသိပါဘူး၊ မနက်ပိုင်း‌လောက်ကဖမ်းခေါ်သွားတာမြင်လိုက်ပါတယ်၊ သူတို့မှာ ရဲနှင့် စစ်သားတွေဆိုတာက တသားတည်းသွားနေကြတဲ့သူတွေပါ၊ ပြီး‌တော့ အဖမ်းခံရတာက ရဲအုပ်ပါ” ဟု ဆိုသည်။

ကျောက်ဖြူတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၃ ရက် မနက် ၉နာရီ‌ကျော်အချိန်တွင် လည်း စစ်ကောင်စီမှ ရဲတပ်ကြပ် ၃ဦးကိုဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံခဲ့ရသည့်ရဲတပ်ကြပ်များမှာ ဦးမောင်‌မောင်အေး၊ ဦးထက်ဝေလင်းနှင့် ဦးမျိုးဝင်အောင် တို့ဖြစ်သည်။

လက်ရှိတွင်လည်း ထိုရဲတပ်ကြပ် ၃ဦးကို ကျောက်ဖြူမြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ