Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ခြင်းမရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

တောင်ကုတ်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ခြင်းမရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်


AB News – ဖေဖော်ဝါရီလ ၁၄၊ ၂၀၂၄


ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ယနေ့ ဖေဖော်ဝါရီလ ၁၄ရက်နေ့ နေ့လည်အချိန်မှ ယခုညဥ◌ီးပိုင်းအချိန်ထိ ဂျက်တိုက်လေယာဥ◌်ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း AB News မှ စုံစမ်းသိရှိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၄ရက်နေ့ နေ့လည်အချိန်မှ ညဥ◌ီးပိုင်းအထိ အာဏာသိမ်းစစ်ကောင်စီအဖွဲ့က တိုက်ပွဲဖြစ်ပွားခြင်း လုံးဝမရှိသေးသည့် တောင်ကုတ်မြို့နယ်၊ လမုတိုက်နယ်ရှိ နေရာအချို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ ၁ဦးက ပြောဆိုသည်။
“ဒီနေ့ ဖေဖော်ဝါရီလ ၁၄ရက်၊ နေ့လည်ဘက်အချိန်မှာ စစ်ကောင်စီရဲ့ Jet Fighter ၁စီးဟာ တောင်ကုတ်မြို့နယ်၊ လမုတိုက်က်နယ်က ကျောက်ဖြူချောင်းအနီးကို ဗုံးကြဲခဲ့တယ်။ ထိခိုက်ပျက်စီးမှုကိုတော့ အတိအကျ မသိရသေးဘူး။ ဒီက မြို့ခံသားတွေဟာ တိုက်ပွားဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်၊ ခုထိ လာပစ်နေတာပါ” ဟု ဆိုသည်။
တောင်ကုတ်မြို့တွင် တိုက်ပွဲဖြစ်လာပါက အာဏာသိမ်းစစ်ကောင်စီ၏ ပြည်သူများအပေါ် ဦးတည်ပြီးတိုက်ခိုက်လာမည်ကို စိုးရိမ်နေကြသည်ဟု တောင်ကုတ်မြို့ခံ ၁ဦးက AB News သို့ ပြောသည်။
“ဒီက အရပ်သားပြည်သူတွေဟာ တောင်ကုတ်မြို့မှာ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေကြတယ်။ စစ်ကောင်စီဟာ တိုက်ပွဲအတွင်း အရှုံးနဲ့ ရင်ဆိုင်ရရင် အရပ်သားပြည်သူတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်တယ် ဒါဟာ သူတို့ရဲ့ စရိုက်ပဲ” ဟု ဆိုသည်။
တောင်ကုတ်မြို့တွင် စစ်ကောင်စီအဖွဲ့၏ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ခမရ ၄၃၆ တပ်ရင်းနှင့် ခမရ ၅၄၄ တပ်ရင်းများကို အခြေစိုက်ထားပြီး မြို့နယ်ရဲတပ်ဖွဲ့မှုးရုံး အပါအဝင် ရဲစခန်းပေါင်း ၂၀ တည်ရှိကြောင်း သိရှိရသည်။
တောင်ကုတ်မြို့ရှိ အဆိုပါ ရဲစခန်းများတွင် အရာရှိ ၄၄ ဦးခန့်နှင့် အခြားရဲတပ်ဖွဲ့ဝင် ၂၀၅ဦးရှိပြီး စုစုပေါင်း ရဲအင်အား ၂၄၉ဦးခန့် ရှိကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်များမှ စုံစမ်း သိရှိရသည်။
၂၀၂၃၊ ဒီဇင်ဘာလ ၁၈ရက်နေ့တွင် တောင်ကုတ်မြို့နယ်၊ မုတ်ရွာနှင့် တပျော့အကြား၌ သံတွဲဘက်မှ တောင်ကုတ်သို့ လာသည့် အင်အား ၅၀ ခန့်ပါရှိသော စစ်ကောင်စီ စစ်ကား ၂စီးနှင့် အိမ်စီးကား ၁စီးကို ရက္ခိုင့်တပ်တော်က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၆ဦးခန့်ထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့သည်။
ဓာတ်ပုံ-ရက္ခိုင်ပြည်စစ်ပွဲအတွင်းစစ်ကောင်စီသုံးစစ်ရဟတ်ယာဥ်အားတွေ့ရစဥ်

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ