Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်တွင် စစ်ဘေးရှောင် တက္ကသိုလ်ဝင်တန်းများကို ပညာသင်ပေးနေသည့် ပရဟိတကျောင်းတွင် ဆန်ရိက္ခာအထောက်အပံ့လိုအပ်နေ

ABN- ရှိုင်းမိုး

ရခိုင်ပြည် တောင်ကုတ်မြို့ ချောင်းကောက်ရပ်ကွက် ပညာလင်္ကာရမင်းကျောင်းတွင် စစ်ဘေးရှောင် တက္ကသိုလ်ဝင်တန်း ကျောင်းသူ ကျောင်းသားများကို အခမဲ့ ပညာသင်ပေးနေသည့် ပရဟိတကျောင်းတွင် ဆန်ရိက္ခာအထောက်အပံ့လိုအပ်နေသည်ဟု သိရသည်။

ထိုကျောင်းတွင် ပညာသင်နေသည့် ကျောင်းသား၊ ‌ကျောင်းသူ စုစုပေါင်း ၅၄ဦးရှိပြီး၊ ဆရာ၊ ဆရာမ ၁၁ဦးရှိပြီး စစ်ဘေးရှောင် စာသင်သား အများစုမှာ ရသေ့တောင်မြို့နယ်ဖက်မှ ဖြစ်ကြောင်း သိရသည်။

“မနေ့က USA ကဆန် ၅အိတ်လှူပါတယ်၊ တခြားအလှူရှင်တွေလည်းရှိပါတယ်၊ ဒါပေမယ့် အခုကဆန်စျေး အရမ်းတက်နေပါတယ်၊ အဲဒါကြောင့် အဆင်မပြေဖြစ်နေပါတယ်” ဟု ဆရာမဒေါ် မမကြီးကပြောသည်။

ထိုကျောင်းကို ၂၀၁၉ ဇူလိုင်လ ၁၇ရက်နေ့မှစတင်ခဲ့ပြီး ရသေ့တောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်၊စသည့်မြိုနယ်များမှ စစ်ဘေးရှောင်များနှင့် မိဘဆင်းရဲ၍ ပညာသင်မပေးနိုင်သည့် တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ပေးနေသည့် ကျောင်းဖြစ်သည်ဟု သိရသည်။

“ဒီကျောင်းကိုတော့ ၂၀၁၉ နှစ်လောက်ကတည်းကပင် စပြီးပညာသင်ကြားပေးနေတာပါ၊ စစ်ဘေးရှောင်တွေတခုတည်း မဟုတ်ပါဘူး၊ တခြားပညာမသင်နိုင်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေလည်းပါတယ်” ဟု ဆက်ပြောသည်။

ထိုပရဟိတ ပရဟိတစာသင်ကျောင်းတွင် တလလျှင် ဆန်ဖိုး ၁၀ သိန်းကျော်ထိ ကုန်ကျကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ