Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်တွင် ငါး၊ပုစွန် ရောင်းဝယ်ရေးဒိုင် မှ အလုပ်သမား  ၃ ဦးကို စစ်ကောင်စီ ဖမ်းဆီးသွား

ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများက ငါး၊ပုစွန် ရောင်းဝယ်ရေးဒိုင်မှ အလုပ်သမား ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူများမှာ တောင်ကုတ်မြို့၊ချောင်းကောက်ရပ်ကွက်မှ အောင်သစ္စာလမ်းတွင်နေထိုင်သည့် မောင်မြတ်ကို၊ မောင်ထွေးနှင့် ရန်အောင်စိုးတို့ဖြစ်သည်။

တောင်ကုတ်မြို့မရဲစခန်းမှ အင်အား ၈ ဦးခန့်ရှိသော အကြမ်းစစ်ကောင်စီတပ်သားများသည် အိမ်စီးကား ၃ စီးဖြင့် ပြီးခဲ့သည့် ဧပြီလ ၃၀ ရက် ညဥ့် ၁၁ နာရီ ၃၀ မိနစ်တွင် အောင်သစ္စာလမ်းသို့ဝင်ရောက်ကာ ၎င်းအမျိုးသား ၃ ဦးအား ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“တောင်ကုတ်မြို့မစခန်းက စစ်ကောင်စီတပ်သား ၈ ယောက်က ချောင်းကောက်ရပ်ကွက်က အောင်သစ္စာလမ်းကိုဝင်သွားတယ်။ သူတို့နေအိမ်ကိုသွားပြီး ဖမ်းဆီးသွားတာပါ” ဟုဆိုသည်။

၎င်းတို့ ၃ ဦးသည် ဦးရန်နိုင် ( ငါး၊ ပုစွန် ရောင်းဝယ်ရေးဒိုင်တွင်) အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများဖြစ်ကြောင်းသိရသည်။

အကြမ်းဖက် စစ်ကောင်စီက ၎င်းအလုပ်သမားများပါး မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကိုကား မသိရှိရသေးပေ။

ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီတပ်သားများက တောင်ကုတ်မြို့နယ်၊ ခူးတိုက်နယ်၊ ချောင်းသုံးခွရွာမှ အသက် ၅၈ နှစ်အရွယ် ဦးမြင့်ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အကြမ်းဖက် စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို ခုတုံးလုပ်ကာ တောင်ကုတ်၊ ကျောက်ဖြူ မြို့ပေါ်မှ ဒေသခံပြည်သူများအား အဓမ္မဖမ်းဆီးလျက်ရှိလာကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ