Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တိုင်းဗဟို ၉ လေးကျင့်ရေးသင်တန်းကျောင်းရှိ ကာကင်းစခန်း ၃ခုကို ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်

တိုင်းဗဟို ၉ လေးကျင့်ရေးသင်တန်းကျောင်းရှိ ကာကင်းစခန်း ၃ခုကို ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်

AB News – ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ကမ်းနီရွာအနီး စစ်ကောင်စီ၏ တိုင်းဗဟို ၉ လေ့ကျင်း‌ရေးသင်တန်းကျောင်းရှိ ကာကင်းစခန်း ၃ခုကို ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း ဖေဖော်ဝါရီလ ၂၁နေ့က ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်တွင် “စစ်ကောင်စီစခန်း၏ အစိတ်အပိုင်းတစ်ချို့ဖြစ်သော ကာကင်းစခန်း ၃ခုနှင့် စစ်ကောင်စီအတွက် အရေးပါသော နေရာ ၁ခုအား လော‌လောဆယ် ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ရရှိထားပြီဖြစ်သည်” ဟု ဖော်ပြထားသည်။

တိုင်းဗဟို ၉ တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် အာရက္ခစစ်သည်များမှ ရွပ်ရွပ်ချွံချွံ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ရက်၊ နံနက် ၁၀ နာရီ၊ ၄၅ မိနစ်မှ စတင်၍ တိုက်ခိုက်လျှက်ရှိ‌သော မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိ စစ်ကောင်စီ၏ အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို ရက္ခိုင့်တပ်တော်မှ ယနေ့ ဖေဖော်ဝါရီ ၂၁ရက်နေ့၌ ၄ရက်မြောက်နေ့အဖြစ် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိကြောင်း ဖော်ပြထားသည်။

ထို့အပြင် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့များရှိ လက်နက်ချအညံ့မခံသော အကြမ်းဖက် စစ်ကောင်စီ၏ စစ်စခန်း၊ ဗျူဟာ၊ တပ်ရင်း၊ တပ်မဌာနချုပ်များကို ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက် တိုက်ပွဲများကို ဆက်လက်ဆင်နွဲရင်း စစ်ကောင်စီ၏ စခန်းတချို့အား အပြီးသတ်သိမ်းပိုက်ရယူရန်အတွက် ထိုးစစ်များကို ဆက်လက်ဆင်နွဲလျှက်ရှိကြောင်း သိရှိရသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ