Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တိုင်းဗဟို ( ၉) မှထွက်ပြေးလွတ်မြောက်သွားသော စစ်ကောင်စီအဖွဲ၏ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သားပြည်သူ ၂၀ ကျော်ကို AA ကယ်ထုတ်

တိုင်းဗဟို ( ၉) မှထွက်ပြေးလွတ်မြောက်သွားသော စစ်ကောင်စီအဖွဲ၏ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သားပြည်သူ ၂၀ ကျော်ကို AA ကယ်ထုတ်

AB News – မတ်လ ၁၀၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မင်းပြားမြို့အခြေစိုက် စစ်ကောင်စီ၏ တိုင်းဗဟို ( ၉) မှ ထွက်ပြေးလွတ်မြောက်သွားသော စစ်ကောင်စီအဖွဲ့၏ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့သည့် အရပ်သားပြည်သူ ၂၀ ကျော်ကို AA ကယ်ထုတ်နိုင်ခဲ့ကြောင်း ယနေ့ မတ်လ ၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်တွင် တိုင်းဗဟို (၉) မှ ထွက်ပြေးနေကြသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ အပြစ်မဲ့ပြည်သူ (၂၀) ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရှိရပြီး အဆိုပါဓားစာခံများကို မိမိတို့ ရက္ခိုင့်တပ်တော်မှ ကယ်တင်နိုင်ခဲ့သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို သိရှိရပါက သီးသန့်သတင်းအဖြစ် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း ပြေထားသည်။

ထို့အပြင် ဓားစာခံများကို ဦးဆောင်ခေါ်ယူသွားသော တိုင်းဗဟို (၉) အုပ်ချုပ်ရေးဌာနမှူးဖြစ်သော ကြည်း/၃၁၀၄၆ ဒုတိယဗိုလ်မှူးကြီး ရဲထွဋ်ဝင်း နှင့် အခြားသော စစ်ကောင်စီတပ်ဖွဲဝင်များစွာတို့ကို မတ်လ (၈) ရက်၊ နံနက် (၆) နာရီ (၃၀) မိနစ်ခန့်တွင် အသေဖမ်းဆီးရမိခဲ့ကြောင်း AA ကဆိုသည်။

ရက္ခိုင်ပြည်၊ မင်းပြားမြို့၊ ကမ်းနီရွာ အနီးရှိ စစ်ကောင်စီ၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း (သိုမဟုတ်) “တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း” အား ရက္ခိုင့်တပ်တော်မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်၊ ညနေ (၇) နာရီ အချိန်ခန့်တွင် သင်တန်းကျောင်းတစ်ခုလုံးအား အလုံးစုံသိမ်းပိုက်လိုက်ပြီးဖြစ်သည်။

ထိုကြောင့်ထွက်ပြေးနေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တောတောင်များထဲတွင် အုပ်စုငယ်များ အနေနှင့်သော်လည်းကောင်း၊ တစ်ဦးချင်းအနေဖြင့်သော်လည်းကောင်း ရှိနေနိုင်ဆဲဖြစ်သည်။ ယင်းကြောင့် မိဘပြည်သူများအနေဖြင့် နေ့၊ ည သွားလာသောအချိန်များတွင် သတိထားသွားလာကြရန်၊ လုံခြုံရေးသတိ ထားကြရန် အသိပေးလိုက်ကြောင်း AA က ထုတ်ပြန် သတိပေးထားသည်။

တိုင်းဗဟို (၉) ဟုခေါ်သော အဆိုပါ သင်တန်းကျောင်းကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်၊ နံနက် (၁၀) နာရီ (၄၅) မိနစ်မှစတင်၍ ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဆယ်ရက်ခန့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရသည်။

စစ်ကောင်စီ၏လေကြောင်းမှ မရပ်မနားခုခံတိုက်ခိုက်နေမှုနှင့် လက်နက်ကြီးပစ်ကူ အမြောက်အမြား ပစ်ခတ်တိုက်ခိုက်နေမှုများရှိခဲ့သော်လည်း ရက္ခိုင့်တပ်တော်၏ ဗျူဟာမြောက် ထိုးစစ်အောက်တွင် ဆယ်ရက်အတွင်း တိုင်းဗဟို (၉) အား စစ်ကောင်စီဖက်မှလက်လွှတ်လိုက်ရခြင်းဖြစ်သည်။

အဆိုပါ သင်တန်းကျောင်းအတွင်းမှ စစ်ကောင်စီအလောင်း၊ စစ်လက်နက်ခဲယမ်းအမြောက်အမြားအား သိမ်းဆည်းရမိခဲ့သည်။ ဤထိုးစစ်အောင်ပွဲအတွင်း သတ္တိပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ကြသောသူများ၊ အသက်စွန့်လွှတ်ခဲ့ရသောသူများ အားလုံးကို ရက္ခိုင့်တပ်တော်မှ လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင် ထားကြောင်းလည်း သိရသည်။

Website
www.arakanbaynews.com/

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ