Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဘူးသီးတောင်မြိုနယ် ဆင်သေပြင်ရွာကို စစ်ကောင်စီအဖွဲလက်နက်ကြီးပစ်ခတ်၊ ကလေး တစ်ဦးနှင့်သက်ကြီးပိုင်း တစ်ဦး သေဆုံး

AB News-ဇန်နဝါရီ ၁၆၊ ၂၀၂၄

ရက္ခိုင်ပြည် ဘူးသီးတောင်မြိုနယ်တွင် နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခြင်း လုံးဝမရှိဘဲ စစ်ကောင်စီအဖွဲက လက်နက်ကြီးဖြင့် ဆင်သေပြင်ရွာကို ပစ်ခတ်ခဲ့ရာ ရွာထဲရှိ ကလေးငယ် တစ်ဦးနှင့် သက်ကြီးပိုင်းတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြီး ၂ ဦး ကျည်စထိမှန် ဒဏ်ရာရသွားကြောင်း သိရသည်။

ဘူးသီးတောင်အခြေစိုက် အကြမ်းဖက် စစ်ကောင်စီအဖွဲ တပ်မ ၂၂ လက်အောက်ခံ စံဂိုးတောင်နှင့် နွားကုံတောင်တိုတွင် အခြေချတပ်စွဲထားသည့် ခမရ ၂၀၉ တပ်ရင်းမှ ဆင်သေပြင်ရွာအား လက်နက်ကြီး ၉ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် ကျရောက် သေဆုံး ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

သေဆုံးသွားသူများမှာ ဘူးသီးတောင်မြိုနယ် ဆင်သေပြင်ရွာမှ အဖ အာမာနုလ္လာ၏သမီး အသက် ၇ နှစ်အရွယ် မဟာမီဒါနှင့် အသက် ၆၀ နှစ်ခန့်အရွယ် ဒေါ်အဇောလီတို ဖြစ်ကြောင်းသိရသည်။

အသက် ၇ နှစ်အရွယ် မဟာမီဒါ၏ ဝမ်းဗိုက်တွင် ကျည်ထိမှန်ကာ အူထွက် သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး အသက် ၆၀နှစ်အရွယ် ဒေါ်အဇောလီ၏ ဘယ်ဖက်ရင်ဘတွင် ကျည်ထိကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီအဖွဲသည် ထိုဆင်သေပြင်မူဆလင်ရွာကို ဇန်နဝါရီလ ၁၅ရက်နေ့ ည ၈ နာရီ ၁၀ မိနစ်မှ ၂၀ မိနစ်ကြားတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရွာသား ၁ ဦးက AB News သိုအတည်ပြုပြောသည်။

“လက်နက်ကြီးနဲ့ မနားတမ်းကိုပစ်တာ။ ဘာလိုပစ်တာလဲ ကျနော်လည်းမသိဘူး။ တိုက်ပွဲဖြစ်သံလည်းမကြားဘူး။ ကျနော်တိုလည်း ကြောက်လို ပုန်းနေတာပါ။ အဲဒါကို ၂ ယောက် သေသွားပါသေးတယ်” ဟုပြောသည်။

ဒဏ်ရာရရှိသွားသူများမှာ အဖ ဂူရာမျှာ၏သား အသက် ၁၆နှစ်အရွယ် မာမာတ်ရော်ဖီး ၎င်း၏ ဦးခေါင်းတည့်တည့်တွင် ကျည်စထိမှန်ဒဏ်ရာပြင်းထန်ရရှိသွားပြီး၊ အဖ ဟာမိန့်တာ၏သမီး အသက် ၉ နှစ်အရွယ် နိုရ်ကီရာ ၎င်း၏ ဘယ်ဖက်လက်မောင်းတွင် ဒဏ်ရာ ရသွားခဲ့သည်ဟု ရွာသားများက ပြောသည်။

နိုင်ငံအနှံ စစ်ရှုးနေသည့် စစ်ကောင်စီသည် ပြည်သူများနေထိုင်ရာ ရပ်ရွာများအား မီးရှိခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ပြည်သူများအား တရားလက်လွတ် ဖမ်းဆီးခြင်းများကို တစိုက်မတ်မတ် လုပ်လာသည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ