Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တိုက်ပွဲဖြစ်ပွားခြင်းမရှိ‌သေးသည့် သံတွဲမြို့ကို စစ်ကောင်စီက တိုက်ခိုက်ရေး ရဟတ်ယာဥ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်

တိုက်ပွဲဖြစ်ပွားခြင်းမရှိ‌သေးသည့် သံတွဲမြို့ကို စစ်ကောင်စီက တိုက်ခိုက်ရေး ရဟတ်ယာဥ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်

AB News – မတ်လ ၂၀၊ ၂၀၂၄

ယခင်က တိုက်ပွဲဖြစ်ပွားခြင်းမရှိ‌ဖူးသည့် သံတွဲမြို့ကို စစ်ကောင်စီက ယနေ့ မတ်လ ၂၀ရက်၊ မွန်းလွှဲ ၁၂နာရီ ခွဲအချိန်တွင် ပထမဆုံးအကြိမ် တိုက်ခိုက်ရေးရဟတ်ယာဥ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

စစ်ကောင်စီအဖွဲ့သည် ယနေ့ မွန်းလွှဲအချိန်တွင် သံတွဲမြို့နယ်ရှိ နားပင်းမရွာ၊ ဟုန်းပေါက်ရွာနှင့် ခမောင်းတုန်းရွာ အနီးပတ်ဝန်းကျင်ကို Jet Fighter ၁စီး၊ ဟတ်စကီး ၁စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့သည်။

သံတွဲ-တောင်ကုတ်နယ်စပ်၊ သံတွဲမြို့နယ်ရှိ ဖိုးနူဆည်အနီးပတ်ဝန်းကျင်သို့ Jet Fighter ဖြင့် ၁ကြိမ်၊ ဟတ်စကီးဖြင့် ၄ကြိမ်ခန့် လာရောက်ကာ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သံတွဲမြို့နယ်အတွင်း ဖိုးနူဆည်အနီးပတ်ဝန်းကျင်းအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုပ်လုပ်ခဲ့သည်ဟု ဒေသခံ ၁ဦးက AB News သို့အတည်ပြုပြောသည်။

“ဒီလို ဗုံးကြဲတိုက်ခိုက်ခံရတာ တစ်ခါမှလည်း မကြုံဖူးဘူး။ ဗုံးခိုကျင်းတွေလည်း မရှိဘူး။ ဒေသခံပြည်သူတွေ အရမ်းကြောက်နေကြတယ်။ ထိခိုက်ဒဏ်ရာရတာတွေတော့ အတိအကျ မသိရသေးပါဘူး” ဟု ဆိုသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နားပင်းမရွာ၊ ဟုန်းပေါက်ရွာနှင့် ခမောင်းတုန်းရွာများမှ နေအိမ်အဆောက်အဦးများအချို့ ပျက်စီးခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သံတွဲမြို့နယ်တွင် စစ်ရေးပြင်းထန်လာမည်ကို ဒေသခံများ စိုးရိမ်လျက်ရှိကြောင်းလည်း သိရသည်။

ယမန်နေ့ မတ်လ ၁၉ရက်နေ့တွင် စစ်ကောင်စီအဖွဲ့က ရက္ခိုင်ပြည်ရှိ အမ်း-တောက်ကုတ်အဝေးပြေးကားလမ်းကို ဘတ်ဟိုးဖြင့် တူးဖော်ဖျက်ဆီး ဖြတ်တောက်ခဲ့သည်ကို ဓာတ်ပုံမှတ်တမ်းများနှင့် တကွ တွေ့ရသည်။

Website
www.arakanbaynews.com

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ