Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တိုက်ပွဲကြောင့်ရပ်နားထားသည့် စစ်တပ်ပိုင် ကစ္ဆပနဒီ (၁ ) အမြန်ရေယာဉ်ပြန်လည်ပြေးဆွဲ

တိုက်ပွဲကြောင့်ရပ်နားထားသည့် စစ်တပ်ပိုင် ကစ္ဆပနဒီ (၁ ) အမြန်ရေယာဉ်ပြန်လည်ပြေးဆွဲ

ABN-ထက်မြတ်ခင်

ရခိုင်တွင် တိုက်ပွဲကြောင့် ၁ နှစ်နီးပါးကြာ ရပ်နားထားခဲ့သည့် စစ်တပ်ပိုင် ကစ္ဆပနဒီ (၁) အမြန်ရေယာဉ်ကို ယမန်နေ့ ဧပြီလ၇ရက်နေက စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

၎င်းရေယာဉ်ကို စစ်ပွဲအခြေနေကြောင့်ပိတ်သည်မှာ ၁နှစ်နီးပါးရှိပြီဖြစ်ပြီး၊ ယခုနှစ် ဧပြီလ ၇ ရက်နေ့မှစတင်ပြီး ယခင်လမ်းကြောင်းများအတိုင်း ပြေးဆွဲနေပြီဖြစ်ကြောင်း ကစ္ဆပရေယာဥ်လက်မှတ်အရောင်းစာရေး ၁ ဦးကပြောသည်။

“ကျတော်တို့ မြို့ ၃မြို့ကိုအဓိကထားပြီးပြေးဆွဲမှာဖြစ်ပါတယ်။ ဧပြီလ ၇ ရက်နေ့က စပြီး ပြေးဆွဲနေပါတယ်။ သင်္ကြန်အတွင်းတော့ ပိတ်ထားပါမယ်။ သင်္ကြန်လွန်ပြီးလို့ ၁၉ရက်နေ့မှာ စလိုပြန်ပြေးဆွဲသွားမယ်” ဟုပြောသည်။

ကစ္ဆပနဒီ အမြန်ရေယာဉ်ကို ၁ပတ်အတွင်း ဗုဒ္ဓဟူးနေ့မှာ စစ်တွေ-ကျောက်ဖြူနှင့် ကြာသပတေးနေ့တွင် ကျောက်ဖြူ-စစ်တွေ၊ သောကြာနေ့တွင် စစ်တွေ၊မြေပုံ၊ကျောက်ဖြူ၊ တောင်ကုတ်၊ စနေ​နေ့တွင် တောင်ကုတ်-ကျောက်ဖြူနှင့် တနင်္ဂနွေနေ့တွင် ကျောက်ဖြူ၊ စစ်တွေနှင့်မြေပုံ စသည်တို့ကိုပြေးဆွဲသွားမည်ဖြစ်သည်။

ကစ္ဆပနဒီအမြန်ရေယာဥ် ပြေးဆွဲမည့်ဈေးနှုန်းမှာ စစ်တွေ-ကျောက်ဖြူ ၂၀၀၀၀ကျပ်၊ ကျောက်ဖြူ-တောင် ၁၅၀၀၀ကျပ်နှင့် ကျောက်ဖြူ-မြေပုံ ၁၅၀၀၀တို့ဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ-CJ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ