Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တရုတ်စီမံကိန်းတည်ရှိရာ ကျောက်ဖြူမြို့တွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသမီး သေဆုံး၊ ခင်ပွန်းဖြစ်သူထိခိုက်ဒဏ်ရာရရှိ

တရုတ်စီမံကိန်းတည်ရှိရာ ကျောက်ဖြူမြို့တွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသမီး သေဆုံး၊ ခင်ပွန်းဖြစ်သူထိခိုက်ဒဏ်ရာရရှိ

AB News – မတ်လ ၁၄၊ ၂၀၂၄

တရုတ်စီမံကိန်းတည်ရှိရာ ကျောက်ဖြူမြို့တွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယနေ့ မတ်လ ၁၄ရက် နေ့လယ် ၂နာရီဝန်းကျင်ခန့်အချိန်တွင်  ဒေသခံ သက်ကြီးပိုင်းအမျိုးသမီး သေဆုံးခဲ့ကာ  ၎င်း၏ ခင်ပွန်းဖြစ်သူလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူမှာ  ကျောက်ဖြူမြို့နယ်၊ စနဲတိုက်နယ်၊ ပြုံးပြဲကျေးရွာမှ ဒေါ်စိန်တင်ဖြူ ၇၂နှစ် ဖြစ်ကြောင်း သိရသည်။

 ထို့အပြင် သေဆုံးခဲ့သူ၏ ခင်ပွန်းဖြစ်သူ  ဦးမောင်ကျော်ထွန်း ၇၈နှစ် မှာလည်း ဗုံးဆံထိမှန်ကာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။

စစ်ကောင်စီအဖွဲ့၏ လေကြောင်း တိုက်ခိုက်မှုကြောင့် လုံခြုံမှု ကင်းမဲ့နေကြောင်း ဒေသခံ ၁ဦးက ပြောဆိုသည်။

“ရှင်နေရင်း သေနေရသလိုမျိုးပေါ့။ သူတို့(စစ်ကောင်စီ)က ဘယ်အချိန်မှာ ဗုံးလာကြဲမှာလဲဆိုတာ တွေးကြောက်နေရတယ်။ အိမ်မှာ နေရင်လည်း မလုံခြုံတော့ဘူး။ အပြင်ထွက်ရင်လည်း ဖမ်းဆီးခံရမှာကို စိုးရတယ်။ ဒီနေ့မှာလဲ အိမ်မှာနေတဲ့ ဒေါ်မစိန်တင်ဖြူ သေဆုံးခဲ့ရကာ ခင်ပွန်းဖြစ်သူလည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့တယ်” ဆိုသည်။

စစ်ကောင်စီ၏ Jet Fighterက ကြဲချခဲ့သည့် ပေါက်ကွဲအားပြင်းဗုံးသည် ကျောက်ဖြူမြို့နယ်၊  ပြုံးပြဲကျေးရွာမှ ဦးမောင်ကျော်ထွန်း၏ နေအိမ်တွင် ကျရောက်ပေါက်ကွဲကာ ဇနီးဖြစ်သူ သေဆုံးခဲ့ရပြီး  ဦးမောင်ကျော်ထွန်းမှာ ဘယ်ဘက်ပေါင်တွင် ဗုံးဆံ ထိမှန်ကာ ဒဏ်ရာရရှိခဲ့သည်။

ယမန်နေ့ မတ်လ ၁၃ရက်နေ့တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ် တန်းစွယ်ရွာမှ မိသားစု ၄ ဦးသည် စစ်ဘေးရှောင်နေသည့် နေရာမှ ရွာပြန်လာချိန်၌ လက်နက်ကြီးကျည်ထိမှန်ကာ ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိသွားခဲ့ရသည်။

မတ်လ ၁၂ ရက်နေ့ကလည်း ရမ်းဗြဲမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရကာ၊ နွား ၁ ကောင်သေဆုံး နေအိမ်များစွာ ပျက်စီးခဲ့သည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ