သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တရားမဝင်ပိုက်များဖြင့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများ အာရက္ခရေပိုင်နက်ထဲ ငါးခိုးဖမ်းနေဆဲ
တရားမဝင်ပိုက်များဖြင့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများ အာရက္ခရေပိုင်နက်ထဲ ငါးခိုးဖမ်းနေဆဲ

AB News – သြဂုတ် ၂၈၊၂၀၂၅
နွယ်စိုး

အာရက္ခရေပိုက်နက်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးဖမ်းသမားများသည် တားမြစ်ထားသော Current Nets (လျှပ်စီးပိုက်များ) ကိုအသုံးပြု၍ ငါးခိုးဖမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

ယခုရက်ပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ်က ငါးဖမ်းသမားများသည် အလွန်သေးငယ်သော ငါးပေါက်ကလေးများကို ဖမ်းစားနိုင်သည့် Current Nets (လျှပ်စီးပိုက်များ) အသုံးပြု၍ အာက္ခရေပိုက်နက်အတွင်း ငါးခိုးဖမ်းလာနေကြသည်ကို AB News ကတွေ့ရှိရသည်။

” ရိုးရိုးပိုက်နဲ့တောင် မဟုတ်တော့ဘူး။ မျိုးဥပေါက်ငါးကလေးတွေကို သယ်ဆောင်နိုင်တဲ့ (လျှပ်စီးပိုက်)နဲ့ လာဖမ်းတာ။ ဒါကြောင့် ပင်လယ်ပြင်မှာ ငါးမျိုးစိတ်တွေ ရှားပါးလာတယ်။ ငါးအရင်းအမြစ်တွေလည်း ဆုတ်ယုတ်လာတယ်” ​​ဟု မောင်​တော​ဒေသခံ ငါးဖမ်းသမား တစ်ဦးက ဆိုသည်။

တရားဝင် ကန့်သတ်ထားသော ပိုက်များကို အသုံးပြု၍ ငါးဖမ်းခြင်းသည် နေ့တိုင်းနီးပါးဖြစ်ပွားနေပြီး ယင်းကြောင့် ပင်လယ်ပြင်အတွင်း ငါးမျိုးစိတ်အချို့ ရှားပါးလာခြင်း၊ ငါးအရင်းအမြစ်များ ဆုတ်ယုတ်လာခြင်းစသော ပြဿနာများ ရှိလာနိုင်ကြောင်း ငါးဖမ်းသမားများထံမှ သိရသည်။

အဆိုပါ Current Nets(လျှပ်စီးပိုက်များ)သည် ရေနေသတ္တဝါများ၏ ဂေဟစနစ်ကို ပြင်းထန်စွာ ထိခိုက်စေနိုင်ပြီး အလွန်သေးငယ်သော ငါးပေါက်ကလေးများ နှင့် ငါးမျိုးဥများကိုလည်း ဖမ်းယူနိုင်သည်ဟု သိရသည်။

ယင်းအတွက်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုယ်တိုင်ကလည်း Current Nets(လျှပ်စီးပိုက်များ )မျိုးကို တရားဝင် ကန့်သတ်ပိတ်ပင်ထားကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကလည်း Current Nets(လျှပ်စီးပိုက်များ)ကိုအသုံးပြု၍ အာရက္ခ ရေပိုင်နက်အတွင်း၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးဖမ်းဘုတ် ၄ စီးနှင့် ရေလုပ်သား ၁၉ ဦးအား တရားမဝင် ငါးခိုးဖမ်းနေစဉ် အာရက္ခတပ်တော်မှ ဖမ်းဆီးရမိခဲ့သည်။

အလားတူ သြဂုတ်လ ၂၆ ရက်နေ့တွင်လည်း ဘင်္ဂလားဒေ့ရှ်မှ ငါးဖမ်းသမားများသည် ကန့်သတ်ထားသော Current Nets (လျှပ်စီးပိုက်များ)ကို အသုံးပြုပြီး အာရက္ခရေပိုက်နက်အတွင်းသို့ ငါးခိုဝင်ဖမ်းခဲ့ရာ ငါးဖမ်းဘုတ် ၅စီးနှင့်အတူ ငါးဖမ်းသမား ၃၀ ကို အာရက္ခတပ်တော် ဖမ်းဆီးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ