မိုခါ ဆိုက်ကလုန်းမုန်တိုင်း သည် ၄င်းလမ်းကြောင်းရှိ ရွာများ၊ မြို့များ၊ အဆောက်အဦးများကို ပြားပြားဝပ်စေခဲ့ပြီး အဆက်အသွယ်များကိုလည်း ပြတ်တောက်စေခဲ့သဖြင့် ထိခိုက်ပျက်စီးမှုများ အလွန်ပင်ကြီးမားစေခဲ့သည်။
နောက်ထပ်ဖြစ်ပွါးလာမည့် ထိခိုက်မှုနောက်ဆက်တွဲ ပြဿနာများကို လျော့ချရန် အရေးတကြီး အရေးပေါ်အကူအညီများလိုအပ်နေကြောင်း နှင့် မုန်တိုင်းမတိုက်ခတ်မီ လိုအပ်သည့် ပြင်ဆင်မှုများ၊ ကူညီကယ်ဆယ် ရေး လုပ်ငန်းများကို ဆောင်ရွက်သူများကိုလည်း ကျေးဇူးဥပကာရ တင်ရှိကြောင်း မေလ ၁၅ ရက်နေ့တွင် ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော် ၏ ဗိုလ်ချူပ် ထွန်းမြတ်နိုင်မှ သူ၏ တွစ်တာ စာမျက်နှာတွင် ရေးသားခဲ့သည်။