Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တပ်ဖွဲ့ဝင်များ အသက်အန္တရာယ်ကြုံချိန် မြန်မာစစ်တပ်၏ စွန့်ပစ်သည့် လုပ်ရပ်အားတပ်ဖွဲ့ဝင်များ၏ ဖွင့်ဟချက် (၂)

၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း ရက္ခိုင်၊ ပလက်ဝဒေသများတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကာလများအတွင်းတွင်လည်း စစ်ကောင်စီတပ်သည် ၎င်းတို့၏ တပ်ဖွဲ့ဝင်များအပေါ် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရချိန် ရဲဘော်ရဲဘက်စိတ် ကင်းမဲ့စွာဖြင့် စွန့်ပစ်ကာ သစ္စဖောက်ခဲ့သော လုပ်ရပ်အား ယင်းကာလ၌ သုံ့ပန်းတစ်ချို့၏ ဖွင့်ဟပြောကြားခဲ့မှုများ

အပိုင်း (၂)

ဗိုလ်ကြီး ရှိန်ထက်လင်း

ပြန်တမ်းဝင်အမှတ် – (ကြည်း-၆၃၄၇၁)

စစ်ကောင်စီတပ်မှ ၎င်းတို့၏ တပ်ဖွဲ့ဝင်များအပေါ် အလေးမထား၊ ဂရုမစိုက်သည့်အပြင် စွန့်ပစ် သစ္စာဖောက် သွားသည့်လုပ်ရပ်နှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့တွင် ဗိုလ်ကြီး ရှိန်ထက်လင်း၏ ဖွင့်ဟပြောကြားခဲ့မှုထဲမှ ကောက်နုတ်ချက်

အထက်လူကြီးတွေကတော့ ကျွန်ုပ်တို့ဖြစ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မှ သူတို့က တိုက်ပွဲအတွင်းမှာ အခုလိုမျိုး သူရဲဘောကြောင်ပြီးတော့မှ AA ထံမှာ အညံ့ခံ ဖမ်းဆီးခံရခဲ့တာ မဟုတ်ဘဲနဲ့ ကျွန်ုပ်တို့ဖက်မှာ မဆိုင်တာတွေ ( ) ပြီးတော့မှ အင်အားတွေ ချည်းနည်းလာတယ်။ ဟို…. ရဟတ်ယာဉ်တို့ စစ်ကူတွေ၊ စစ်ကူတွေ ပေးသော်ငြားလည်း မြေပြင်မာ ထိရောက်မှုမရှိခဲ့တဲ့အတွက်ကြောင့်မို့လို့ ကျွန်ုပ်တို့က လုံးဝ မလွန်ဆိုင်နိုင်တဲ့ အခြေအနေတစ်ခုကြောင်းသာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ ကျွန်ုပ်တို့ကို တပ်မတော်နှင့် အထက်လူကြီးတွေအနေနဲ့ သစ္စာဖောက်အဖြစ် သတ်မှတ်ပြီးတော့မှ အခုလိုမျိုး ပစ်ပယ်မထားသင့်ကြောင်းနှင့် ကျွန်ုပ်တို့၏ ဘဝတွေကို စာနာထောက်ထားပြီး သနားညှာတာသောအားဖြင့် ပြန်လည် ကြည့်ရှုးစောင့် ရှောက်ပေးဖို့ ပြောချင်ပါတယ်။

ဗိုလ်မှူး သက်နိုင်ဦး (တပ်ရင်းမှူး)

ပြန်တမ်းဝင်အမှတ် – (ကြည်း-၃၈၂၂၃)

DSA အမှတ်စဉ် – (၄၆)

စစ်ကောင်စီတပ်မှ ၎င်းတို့၏တပ်ဖွဲ့ဝင်များအပေါ် လေးမထား၊ ဂရုမစိုက်သည့်အပြင် စွန့်ပစ် သစ္စာဖောက် သွားသည့်လုပ်ရပ်နှင့် ပတ်သက်၍ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့တွင် ဗိုလ်မှူး သက်နိုင်ဦး၏ ဖွင့်ဟပြောကြားခဲ့မှုထဲမှ ကောက်နုတ်ချက်

ကျွန်ုပ် အထက်လူကြီးတွေကို တင်ပြလိုတာကတော့ ကျွန်ုပ်တို့က တိုက်ပွဲအတွင်းမှာ သူရဲဘောကြောင်ပြီးတော့မှ ရက္ခိုင့်တပ်တော် AA ဆီမှာ အညံ့ခံ ဖမ်းဆီးခံခဲ့ရတာမဟုတ်ပါဘူး။ အကျပ်အတည်းနဲ့ ရင်ဆိုင်ပြီးတော့ ဒီ….အစာရေစာ ငတ်ပြတ်ပြီးတော့မှ မလွန်ဆန်နိုင်တဲ့ အခြေအနေတစ်ခုမှာ ဒါ…ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ ကျွန်ုပ်မဟုတ်ဘဲနဲ့ အခြားတစ်ယောက်ဆိုရင်လည်း ဒီအလားတူအခြေအနေမျိုးမှာ ဆိုလို့ရှိရင် ဒီဖြစ်စဉ်မျိုး ဖြစ်မယ် (လို့) ကျွန်ုပ်အနေနဲ့ ယူဆပါတယ်။ ကျွန်ုပ်ဟာဆိုလို့ရှိရင်လည်း တပ်မတော်ထဲမှာ တာဝန်ထမ်း ဆောင်ခဲ့တဲ့အချိန်ကစပြီး ယနေအချိန်ထိ မိမိကိုယ်မိမိ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့တဲ့ လူတစ်ယောက်လို့ ယုံကြည်တဲ့အတွက် ယခုလို့တင်ပြရချင်းဖြစ်ပါတယ်။ ကျွန်ုပ်အပါအဝင် တာဝန်ထမ်း ဆောင်ရင်းနဲ့ အကြောင်းအမျိုးမျိုးကြောင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ရဲဘော်၊ ရဲဘက်တွေကို နှစ်ဖက်လူကြီးအချင်းချင်း သော်လည်းကောင်း၊ တိုင်းရင်းသားညီအကိုတွေဖြစ်တဲ့အတွက် ပြည်သူလူထုတွေ ထိခိုက်နစ်နာမှုမရှိစေဘဲနဲ့ ကောင်းမွန်တဲ့ နည်းလမ်းတွေနဲ့ သော်လည်းကောင်း ညှိနှိုင်းပြီးတော့မှ ကျွန်ုပ်တို့ကို ကယ်တင်ဖို့ ကြိုးစားသင့်ပါတယ်၊ ဆောင်ရွက်သင့်ပါတယ်လို့ တင်ပြလိုပါတယ်။ ရဲဘော်၊ ရဲဘက်တွေအနေနဲ့ကတော့ ကျွန်ုပ်တို့ ဒီ…နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုကြားမှ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ အနေအထားမှာတောင်မှ ရက္ခိုင့်တပ်တော် AA အနေနဲ့ ကျွန်ုပ်တို့ကို သတ်ဖြစ်မှု မရှိပါဘူး၊ ညှင်းပမ်းနှိပ်စက်မှုပြုလုပ်မှု မရှိဘဲနဲ့ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားရှိပါတယ်။ ဒါကြောင့်မို့လို့လည်း ကျွန်ုပ်တို့ဟာ ဒီ…သက်ရှိထင်ရှားနှင့် ကျန်းမာရေး ကောင်းမွန်စွာ နေထိုင်နေရတယ်ဆိုတာကို ကျွန်ုပ် ပြောကြားလိုပါတယ်။

ထင်မြင်ယူဆချက်‌‌ပေးရန်