Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တစ်ပတ်အတွင်း သတင်းများ-Weekly News

တစ်ပတ်အတွင်း သတင်းများ-Weekly News

စက်တင်ဘာ ၁၀ ရက်

မော်ရိုကို နိုင်ငံမှာ စက်တင်ဘာလ ၈ရက်သောကြာနေ့ ညနေက အင်အားကြီးမြေငလျင်လှုပ်ခတ်ခဲ့တဲ့အတွက် ငလျင်ဒဏ်ကြောင့် စနေနေ့အထိသေဆုံးသူ ၂၀၁၂ဦးထိရှိကာ ဒဏ်ရာရရှိသူ ၂၀၀၀ကျော်ရှိတယ်လို့ Reutersသတင်းဌာနတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံမှာ ပဋိပက္ခနဲ့ သဘာဝ ဘေးအန္တရာယ်တွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ ၁ ဒသမ ၉သန်းကျော်ရှိနေပြီး ၎င်းတို့မှာ လူမှုကယ်ဆယ်ရေးအကူညီတွေလိုအပ်နေကြတယ်လို့ UNOCHAက ထုတ်ပြန်လိုက်ပါတယ်။

စက်တင်ဘာလ၉ရက်

ရခိုင်ပြည်နယ် ဘူးသီးတောင်-မောင်တော ကားလမ်းမပေါ်ရှိတဲ့ ၆ မိုင်စစ်ဆေးရေးဂိတ်မှာ ရခိုင် ရဲတပ်သား တစ်ဦး လက်နက်နဲ့အတူ ထွက်ပြေးသွားခဲ့တဲ့အတွက် စစ်ကောင်စီတပ်သားများ လိုက်ပြီး ဖမ်းဆီးခဲ့ချိန်မှာ အပြန်အလှန် အချင်းချင်း ပစ်ခတ်မှု ဖြစ်ပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့တယ် လို့ စုံစမ်းသိရှိရပါတယ်။

စက်တင်ဘာလ ၈ ရက်

ရခိုင်တွင် မေလ ၁၄ ရက်နေ့က မိုခါမုန်တိုင်းတိုက်ခတ်ခဲ့တဲ့အတွက် ပျက်စီးဆုံးရှုံးသွားတဲ့ ပြည်သူများအတွက် အိမ်ပြန်ချင်နေကြသည့်ကြားက ပြည်သူများအကျိုးဆောင်ရွက်ရန် ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့ကြသော ရက္ခိုင့်တပ်တော်က တပ်ဖွဲ့ဝင်တွေ အားလုံးကို အထူးကျေးဇူးတင်ပြီး မှတ်တမ်းတင်ထားအပ်တယ်လို့ ရက္ခိုင့်တပ်တော် တပ်မှူးချုပ် ထွန်းမြတ်နိုင်က ပြောကြားလိုက်ပါတယ်။

ကျောက်ဖြူမြို့ကျောက်တစ်လုံး စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ စက်တင်ဘာလ ၆ ရက်နေ့ နေ့လည်ပိုင်း ၃ နာရီကျော်က ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ULAအဖွဲ့ဝင် ကိုဟန်လင်းမှာ စက်တင်ဘာ ၇ ရက်နေ့ က ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၇ ရက်

LWF စစ်တွေ ရုံးခွဲက ဝန်ထမ်း ၈၀ မှာ လစာများဖြတ်တောက်ခံနေရတဲ့အပြင် အလုပ်ပါထုတ်ပယ်ခံလိုက်ရကာ ၎င်းတို့၏လစာများကို တရားဝင်ဖြေရှင်းပေးရန်တောင်းဆိုနေတယ်လို့ သိရပါတယ်။ The Lutheran World Federation အဖွဲ့အစည်းသည် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးတဲ့အပြင် တခြား လူမှုရေးနယ်ပယ်ကဏ္ဍပေါင်းစုံတွင်အဖက်ဖက်မှ ထောက်ပံ့ကူညီနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၁၀ နာရီကျော်အချိန်မှာ ပုဏ္ဏားကျွန်းမြို့ ရွာဟောင်းရပ်ကွက် ရွှေတောင်တန်းကျောင်းအနီးတွင် ဟိုင်းဂျက် ကားတစ်စီး မှောက်ခဲ့ရာ ရဟန်းတစ်ပါး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

Myanmar Now သတင်းဌာနက ဓာတ်ပုံသတင်းထောက် တစ်ဦးဖြစ်သူ ကိုစိုင်းဇော်သိုက်ကို စစ်ကောင်စီက ဖမ်းဆီးပြီး ထောင်ဒဏ်နှစ် ၂၀ ချမှတ်လိုက်တယ်လို့ မြန်မာနောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ကိုစိုင်းဇော်သိုက်မှာ ရခိုင်တွင် မိုခါမုန်တိုင်း တိုက်ပြီးအလွန်ကာလ၌ ကွင်းဆင်းသတင်းရယူနေတဲ့အချိန်စစ်ကောင်စီက မေလ ၂၃ ရက်နေ့ စစ်တွေမှာ ဖမ်းဆီးခြင်းခဲ့ရတာဖြစ်ပါတယ်။

စက်တင်ဘာလ ၆ ရက်

စက်တင်ဘာလ ၅ရက် နေ့လည် ၂ နာရီမှာ မောင်တောမြို့နယ် ပန်းတောပြင်ရွာက ချောင်းကူးတံတားဖြတ်ကူးရာ သားဖြစ်သူရေထဲပြုတ်ကျသွားခဲ့တဲ့အတွက် မိခင်ဖြစ်သူက ကယ်ဆယ်ဖို့ ကြိုးစားရာသားမိ ၂ ယောက်လုံး ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဘူးသီးတောင်မြို့နယ် ကံပြင်အုပ်စု ရွှေတောင်ကြား ခေါ် ( တပ်ရာ ) ရွာမှာ စက်တင်ဘာလ ၄ရက်နေ့ ညပိုင်း ၇နာရီကျော်အချိန်က မိဘမဲ့ အသက် ၁၂ အရွယ် အမျိုးသမီးငယ်တစ်ဦး မုဒိမ်းကျင့်ခံခဲ့ရပြီး ကျူးလွန်သူတရားခံကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၅ ရက်နေ့ နေ့လည် ၁နာရီကျော်အချိန်က မြေပုံမြို့နယ် ဝက်ခေါင်းရွာမှ အသက် ၂၇ အရွယ် ကိုအောင်အောင် ငါးရှာနေစဥ် ရေနစ်သေဆုံးခဲ့တယ်လို သိရပါတယ်။

စက်တင်ဘာလ ၅ ရက်

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်သည် ယခုလအတွင်း ရုရှားနိုင်ငံသို့ သွားရောက်ပြီး သမ္မတပူတင်နဲ့ တွေ့ဆုံဖိုစီစဥ်ထားကြောင်းနဲ့ ယူကရိန်းစစ်ပွဲအတွင်း သုံးဖို မော်စကိုအား လက်နက်တွေ ထောက်ပံ့ပေးရေး ဆွေးနွေးရန် စီစဥ်ထားတယ်လို့ The New York Times သတင်းဌာနတွင် ဖော်ပြထားပါတယ်။

စက်တင်ဘာလ ၄ ရက်နေ့ သတင်းများစုစည်းမှု

ကျောက်ဖြူမှာ ရက္ခိုင့်တပ်တော်နဲ့ ဆက်စပ်သံသယ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုခံထားရတဲ့ ဒေသခံတွေကို ၃၁ကြိမ်မြောက်ရုံးထုတ်ခဲ့ပေမယ့်လည်း စစ်ကောင်စီဖက်မှတရားလိုပျက်ကွက်ခဲ့တယ်လို့သိရပါတယ်။

ထင်မြင်ယူဆချက်‌‌ပေးရန်