Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တစ်ပတ်အတွင်း သတင်းများ – Weekly News

တစ်ပတ်အတွင်း သတင်းများ - Weekly News

AB News-ဟိန်းထွန်း

စက်တင်ဘာ ၁၈ ရက်

စက်တင်ဘာ ၁၇ ရက်

မြောက်ဦး​မြို့နယ် မြောင်းဘွယ်ရွာက အဖဦးလှစံအောင်ရဲ့သား အသက် ၁၈ နှစ်အရွယ် မောင်ပြည့်ဖြိုးဇံဟာ စက်တင်ဘာလ ၁၆ ရက်နေ့ ည၈ နာရီလောက်က သစ်ပင်ပေါ်မှာ ကြိုးဆွဲချသေဆုံးသွားခဲ့ပါတယ်။

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် နောင်ကြီးအိုင်ရွာအနီးမှာ စက်တင်ဘာလ ၁၇ရက် နံနက် ၆နာရီကျော်​လောက်က စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်​က ရဟတ်ယာဥ်ကိုသုံးပြီးဗုံးကြဲနေခဲ့တဲ့အတွက် ဒေသခံတွေ ရှောင်ပြေးသွားခဲ့ရပါတယ်။

စက်တင်ဘာလ ၁၇ က်နေ့က ဘူးသီးတောင်မြို့နယ် ဒိုးဝေကျေးရွာက အသက် ၅၀ အရွယ်ဒေါ်အေးစိန်ဖြူဟာ ဟင်းခူးဖို့အတွက် ပေတစ်ရာခန့်ရှိတဲ့ အိုးသည်မချောင်းကိုဖြတ်ကူးချိန်မှာ ရေနစ်ပြီးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၆ ရက်

မင်းပြားမြို့နယ် ဥက္ကာပျံရပ်ကွက်မှာ အသက် ၅၁ နှစ်အရွယ် ဒေါမတင်အေးဟာ ညနေ ၇နာရီလောက်က ရေချိုးနေတဲ့အချိန် မိုးကြိုး​ပစ်ခံခဲ့ရတဲ့အတွက်ပွဲချင်းပြီးသေဆုံးသွားခဲ့ကာ တခြား အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက် အပြင်းအထန်ဒဏ်ရာရသွားခဲ့တယ်လို့ ​သိရပါတယ်။

ရသေ့တောင်မြို့နယ် ပေါက်တောရွာက အဖဦးကျော်ညွန့်ဦးရဲ့သမီး အလယ်တန်းပြဆရာမ မနှင်းယုနွယ်ဟာ စက်တင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းမှာ သူမရဲ့နေအိမ်ကနေပြီး တာဝန်ကျရာဖြစ်တဲ့ ပန်းဖော်ပြင်ကျောင်းကို သွားတဲ့လမ်းမှာ အမည်မသိ လူတစ်စုက မဒိန်းကျင့် လည်လှီးသတ်ဖြတ်ခဲ့တယ်လို့ ​သိရပါတယ်။

စက်တင်ဘာ ၁၅ ရက်

ရခိုင်ပြည်သူတွေကို အမျိုးအမျိုးဒုက္ခပေးနေတဲ့ ALP တပ်ဖွဲ့ဝင် ခိုင်ဆိုးမိုက်ကို အမည်မသိတဲ့လူတစ်စုက စစ်တွေမြို့ ၊ကျောင်းကြီးလမ်းရပ်ကွက် ကြေးနန်းရုံးရှေ့အနီးမှာ သေနတ်နဲဲ့ပစ်သတ်ခဲ့တဲ့အတွက်ကြောင့် ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာက မတရားအသင်းဆက်သွယ်မှု ပုဒ်မ (၁၇)နဲ့ တရားစွဲဆိုခံထားရတဲ့ ကိုမောင်ချေ(ခ)မောင်သက်စိုးကို စက်တင်ဘာလ ၁၅ ရက်နေ့က ရုံးထုတ်စစ်ဆေးခဲ့ပေမယ့်လည်း စစ်ကောင်စီဖက်က တရားလိုထပ်မံပျက်ကွက်ခဲ့တယ်လို့ မိသားစုဝင်တွေဆီကသိရပါတယ်။

စက်တင်ဘာလ ၁၅ ရက်နေ့က ကျောက်တော်နဲ့ မင်းပြားဖက်ကလာတဲ့ စကစတပ်ဖွဲ့ဝင်တွေဟာ ယူနီဖောင်းအပါအဝင် လက်နက်ခဲယမ်းအပြည့်အစုံတပ်ဆင်ထားတဲ့ စစ်ကား ၁၃ စီးနဲ့ မြောက်ဦးမြို့ကိုရောက်ရှိနေတဲ့အတွက်ကြောင့် ဒေသခံတွေစိုးရိမ်နေတာကိုတွေ့ရပါ။

ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)နဲ့တရားစွဲဆိုခံထားရတဲ့ ကျောက်တော်မြို့နယ် ပန်းဖဲချောင်းရွာက ကိုဇော်မိုးထက်နဲ့ ခေါင်းတုတ်ရွာက ဦးကျော်သန်းမောင်တို့ကို ကျောက်တော် မြို့နယ်တရားရုံးက စက်တင်ဘာလ ၁၅ ရက်နေ့က ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ကြောင်းသိရပါတယ်။

မေလအတွင်းက ထိုင်းရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ Move Forward ပါတီခေါင်းဆောင်း Pita Limjaroenratဟာ ပါတီရဲ့ ​ခေါင်းဆောင် ရာထူးကနေ နှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ စက်တင်ဘာလ ၁၅ ရက်နေ့က အသိပေးလိုက်ပါတယ်။

စက်တင်ဘာ ၁၄ ရက်

ရခိုင်ပြည် စစ်ကောင်စီ ဝန်ကြီးချုပ် ထိန်လင်းခရီးစဥ်အတွက် စစ်တွေမြို့နယ်ရှိ သက္ကေပြင် မူဆလင်ဒုက္ခသည်စခန်းက စစ်ဘေးရှောင်တွေကို လမ်းတွေကို သန့်ရှင်းပေးဖို့ စက်တင်ဘာလ ၁၁ ရက်နေ့ စစ်ကောင်စီက အတင်းအဓမ္မစေခိုင်းခဲ့တာရှိခဲ့တယ်လို့ သိရပါတယ်။

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းဟာ နောက် ၂၄ နာရီအတွင်း ဘင်္ဂပင်လယ်အော်အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ် မြောက်ပိုင်းကမ်းလွန်- အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ)တို့ကို ဖြတ်ကျော်ဝင်ရောက်သွားနိုင်တယ်လို့ မိုး/ဇလကထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။

လစ်ဗျားနိုင်ငံမှာ Daniel မုန်တိုင်းတိုက်ခဲ့တဲ့အတွက်ကြောင့် မြေပြိုကျပြီး လူ ၅၁၀၀ ကျော်သေဆုံးခဲ့တဲ့အပြင် ၉၀၀၀ ပျောက်ဆုံးနေ

ပြီး အိုးမဲ့အိမ်မဲ့လူ ၃၀၀၀၀ ကျော်ရှိနေတယ်လို့ အာဏာပိုင်တွေက ပြောဆိုခဲ့တာကိုတွေ့ရပါတယ်။

စစ်တွေမြို့နယ် ပါဒလိတ်ကျေးရွာက အဖဦးအောင်ဘာလေရဲ့သမီး အသက် ၁၈ နှစ်အရွယ် မချင်းမဟာ စက်တင်ဘာလ ၁၃ ရက်နေ့ ညနေ ၅နာရီလောက်က သူမရဲ့နေအိမ်မှာ ကြိုဆွဲချသေဆုံးသွားခဲ့တယ်လို့သိရပါတယ်။

စစ်တွေမှာ ၅ ရက်ကြာ ပျောက်နေတဲ့ ဓညဝတီအကွက် (ခ)က ဦးမောင်တင်ဝေကို စက်တင်ဘာလ ၁၄ ရက်နေ့က ရေမြောင်းထဲမှာ သေဆုံးနေတာ တွေ့ရှိခဲ့တယ်လို့ ရွှေရောင်မေတ္တာဖောင်ဒေးက ဆိုပါတယ်။

စက်တင်ဘာလ ၁၄ရက်နေ့မှာ စစ်ကောင်စီက လက်နက်ကြီးကျည်ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့် KNU အုပ်ချုပ်နယ်မြေအတွင်းကိုကျရောက်ခဲ့ကာ အပြစ်မဲ့ပြည်သူ ၂ ယောက်သေဆုံးခဲ့ပြီး၊ ၁၀ ယောက်ဒဏ်ရာရသွားခဲ့တယ်လို့ KNU က ထုတ်ပြန်လိုက်ပါတယ်။

စက်တင်ဘာ ၁၃ ရက်

သြဂုတ်လ ၁၃ ရက် ဆန်ပြဿနာနေ့အခမ်းနားကိုတက်ရောက်ခဲ့​တဲ့ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ် ညိုအေးကို စက်တင်ဘာလ ၁၂ ရက်နေ့ မှာ စစ်တွေမြို့တွဲဖက်မြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပေမယ့်လည်း စစ်ဆေးမေးမြန်းမှု တစ်စုံတစ်ရာမရှိဘဲ ထပ်မံပြီး ရုံးချိန်းရွှေ့လိုက်တယ်လို့သိရပါတယ်။

စစ်တွေက ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောကို တင်ပို့နေတဲ့ ကုန်စည်တွေကို စက်တာဘာလ ၁၁ရက်နေ့ကစလို့ စစ်ကောင်စီနယ်ခြားစောင့် ဂိတ်၃ ခုက တားမြစ်ခဲ့တဲ့အတွက်ကြောင့် ကုန်စည်စီးဆင်းမှုနည်းပါးသွားခဲ့ပြီး ကားသမားတွေလည်း အခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။

လစ်ဗျားနိုင်ငံအရှေ့ပိုင်း ဒါနာမြို့မှာ ( Derna) မုန်တိုင်းတိုက်ခတ်ပြီးနောက် ဆည် ၂ ခုကျိုးပျက်ခဲ့ကာ ရေကြီးမှုဖြစ်ပွားခဲ့တဲ့အတွက်ကြောင့် လူ ၂၃၀၀ ကျော်သေဆုံးခဲ့ပြီး၊ ၁၀,၀၀၀ ပျောက်ဆုံးသွားတယ်လို့ စက်တင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့တာကိုတွေ့ရပါတယ်။

စက်တင်ဘာ ၁၂ ရက်

မိုးရွာသွန်းခဲ့မှုကြောင့် ဆိုးဝါးစွာပျက်စီးသွားခဲ့တဲ့ ရသေ့တောင်မြို့နယ်ရှိ အ​ငူမော်-စေတီပြင်လမ်းကို ပြန်လည်ပြုပြင်ဖို့လိုအပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ရုရှားသမ္မတပူတင်နဲ့တွေ့ဆုံဖို့ စက်တင်ဘာလ ၁၂ ရက်နေ့ကသွားရောက်ခဲ့ပါတယ်။ အခုလိုသွားရောက်တာဟာ ရုရှားနိုင်ငံက အမြောက်ကျည်တွေ၊ တင့်ကားတွေ စေလွှတ်ဖို့ကိစ္စရပ်တွေ၊ မော်စကိုက အဆင့်မြင့်နည်းပညာနဲ့ပြုလုပ်ထားတဲ့ ဂြိုလ်တုအပါအဝင် နျူးကလီးယားစွမ်းအင်သုံးလက်နက်တွေ၊စစ်ရေးပူးတွဲလေ့ကျင့်မှုတွေ ပြုလုပ်နိုင်ဖို့ သွားရောက်ခဲ့တာဖြစ်တယ်လို့ AP သတင်းဌာကကဖော်ပြခဲ့ပါတယ်။

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ဖွဲ့စည်းခြင်းရဲ့အပေါ် NUG က ထောက်ခံမှုမရှိဘူးလို့ စက်တင်ဘာလ ၁၂ ရက်နေ့က တရားဝင်ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။

AA နဲ့ဆက်စပ်ပြီး နိုင်ငံတော်ဆူပူလှုံ့ဆော်မှုပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးခံထားရတဲ့ ကျောက်တော်မြို့ ပြည်တော်သာရပ်ကွပ်က လူထုဇော်ဝင်း အပါအဝင် ပန်းဖဲချောင်းရွာက ကိုဇော်ထက်မိုး၊ ခေါင်းတုတ်ရွာက ဦးကျော်သန်းမောင်တို့ကို စက်တင်ဘာလ ၁၂ ရက်နေ့က ကျောက်တော်မြို့နယ်ရုံးက ၁၅ ကြိမ်မြောက်အမိန့်ချ ရုံးထုတ်ခဲ့ပေမယ့်လည်း အမိန့်ချမှတ်ခဲ့တာ မရှိဘူးလို့ မိသားစုဝင်တွေဆီက သိရပါတယ်။

စက်တင်ဘာ ၁၁ ရက်

ရခိုင်မှာ AA နဲ့ဆက်စပ်တယ်လို့ ၅၀၅ ( က) ဖြင့် ဖမ်းဆီးခံထားရတဲ့ စစ်တွေမြို့ ဗျိုင်းဖြူရွာက ဦးဘသိန်းနဲ့ သက္ကေပြင် ( မူဆလင်) ရွာက မောင်မောင်ခင်တို့ကို စစ်တွေမြို့နယ်တရားရုံးက စက်တင်ဘာလ ၁၁ရက်နေ့က ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ကြောင်းသိရသည်။

စက်တင်ဘာလ ၁၁ ရက်နေ့က KNUတပ်မဟာ ၅ ထိန်းချုပ်ထားတဲ့ ကရင်ပြည်နယ်၊ ဖာပွန် (မူတြော်) ခရိုင်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့တဲ့အတွက်ကြောင့် ကျောင်းဆရာ ၁ ယောက်အပါအဝင် ကျောင်းသား ၄ ဦး သေဆုံးခဲ့ပြီး၊ ကျောင်းဆရာမ ၁ ယောက် ကျောင်းသား ၅ ဦးနဲ့ ရွာသား ၁ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

ထင်မြင်ယူဆချက်‌‌ပေးရန်