Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တစ်ပတ်အတွင်း သတင်းများစုစည်းမှု

ရှမ်းပြည်နယ် ကမ္ဘောဇတိုင်းမ် သတင်းဌာန၏ အယ်ဒီတာချုပ် ဦးဇေယျာအောင်ကို ယမန်နေ့ ဒီဇင်ဘာ ၂၅ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီတပ်သားများနှင့် ရဲများပူးပေါင်းကာ ကြို့ပင်ကောက်ရှိ ၎င်း၏ နေအိမ်တွင် လာရောက်ဖမ်းဆီးပြီး ကြိုပင်ကောက် စစ်ကြောရေးတွင်ဖမ်းဆီးထားသည်။ အဆိုပါသတင်းဌာနမှ ထုတ်၀ေသူအပါအ၀င် အယ်ဒီတာအဖွဲ့၀င် စုစုပေါင်း ၄ ဦးကို ပုဒ်မ ၅၀၅ ဖြင့် စစ်ကောင်စီတပ်က တရားစွဲထားကြောင်းသိရသည်။

@ ဒီဇင်ဘာ ၂၄ ရက်

ရခိုင်ပြည် တောင်ကုတ် မြို့နယ်မှ စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဟောင်းတစ်ဦးဖြစ်သည့် ဦးဇေယျကျော်ကို နို၀င်ဘာလ ၈ ရက်နေ့က အရပ်၀တ် ၀တ်ထားသည့် စစ်ကောင်စီတပ်ဖွဲ၀င်များက ဖမ်းဆီးသွားကာ တောင်ကုတ် အခြေစိုက် စကစ (၅) တပ်မ၌ ၄၅ ရက်ကြာထိန်းသိမ်း ထားခဲ့ပြီး ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက်နေ့က အာမခံဖြင့်ပြန်လွှတ်ပေးခဲ့သည်။

ဒီဇင်ဘာ ၂၄ ရက်နေ့က မြောက်ဦး မြို့ထဲနှင့် မြောက်ဦးအနီးရှိ ငွေတောင်ပေါက်တံတား၊ ကျောက်ရာဇ်ကေခွဆုံ၊ အလယ်စျေးလမ်းခွဆုံနှင့် ဂူတောင်ခွဆုံတို့တွင် စစ်ကောင်စီမှ ဂိတ်ချထားသည့်နေရာများမှ စစ်သားများနှင် ရဲများ ပူးပါင်း၍ ကားသမားများထံမှ အတင်းအဓမ္မငွေတောင်းယူမှုများပြုလုပ်လျက်ရှိကြောင်းသိရသည်။

@ ဒီဇင်ဘာ ၂၃ ရက်

ရခိုင်ပြည် ကျောက်ဖြူမြို့နယ် ကုလားဘာရွာတွင် ဒီဇင်ဘာ ၂၃ ရက်နေ့က ကိုယ်ပိုင် ဥယာဥ်ခင်း အနီးရှိ စမ်းချောင်းတွင် ရေနစ်ပြီး အသက် ၃ နှစ်အရွယ်မစုမြတ်နှင်း၊ ၁၆ နှစ်အရွယ် ကိုးတန်းကျောင်းသူ မစုမြတ်လှိုင်နှင့် မိခင်ဖြစ်သူ အသက် ၃၈ နှစ် အရွယ် ဒေါ်မဖြူတို့ သားမိ ၃ ဦးယောက် သေဆုံးခဲ့ရသည်။

အဆိုပါနေ့ တွင် စစ်ကောင်စီတပ်အင်အား ၇၀ ဖြင့် မြောက်ဦးမှ မင်းပြားဘက်သို့ ရိက္ခာပို့ရန်သွားသည့် ကားဖြင့် မြောက်ဦးမြို့နယ် ဘူးတစ်လုံး( မှုဆလင်) ကျေးရွာမှ ဦးအဒူရဖီး၏ နွားပေါက်စတစ်ကောင်ကို ၀င်တိုက်ခဲ့ပြီး ကားကိုရပ်တန်းခြင်းမရှိဘဲ ဆက်မောင်းသွားသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့က ရခိုင်ပြည် ရသေ့တောင်မြို့နယ် ထွေအုပ်မှ မေယုရတနာ၊ သာသနာ့ဗိမာန်၊ ဓမ္မာရုံနှင့် စေတီတောင်အောက် စစ်ရှောင်စခန်းများမှ တာ၀န်ခံများကို တောင်ရင်းတန်း အုပ်ချုပ်ရေးမှူးရုံးသို့ အစည်း‌‌အဝေးခေါ်ကာ အပြီးတိုင် အိမ်ပြန်မည့် အိမ်ထောင်စု တစ်စုစီအား ငွေကျပ် ၆ သိန်းနှင့် ဆန်တစ်အိတ် စစ်ကောင်စီက ‌ထောက်ပံ့ပေးမည်ဟု အစည်း‌အဝေးတွင်ပြောခဲ့သော်လည်း အဆိုပါ စစ်ဘေးရှောင်များ၏ ရွာတွင် စစ်ကောင်စီက ဆက်လက်တပ်စွဲထားခြင်၊ ရွာအနီး မိုင်းရှင်းလင်းမှုများ ပြုလုပ်မှုမရှိခြင်း စသည့်တို့ကြောင့် စစ်ဘေးရှောင်များမှာ နေရပ်ပြန်ချင်သော်လည်း မပြန်ရဲကြသေးကြောင်းသိရသည်။

ရခိုင်ပြည် ရမ်းဗြဲမြို့တွင် စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲ အခမ်းအနားကို ရမ်းဗြဲမြို့ အောင်ဓမ္မဗိမာန် ဓမ္မာရုံတော်ကြီး၌ လာမည့် ဒီဇင်ဘာလ ၂၅ရက်တွင် စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်း အာစရိယပူဇော်ပွဲကျင့်ပရေး ကော်မတီ၏ ပြန်ကြားရေးတာ၀န်ခံ ကိုစိုးမင်းထွန်းက ပြောကြားခဲ့သည်။

@ ဒီဇင်ဘာ ၂၂ ရက်

ဒီဇင်ဘာလ ၂၁ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဥ်းသား အားလုံးကို လွှတ်ပေးရေး တောင်းဆိုချက်ကို မဲခွဲအတည်ပြုရာ၌ တရုတ်၊ ရုရှား နှင့်အိန္ဒိယနိုင်ငံများက ကြားနေအဖြစ်ရပ်တည်ခဲ့ပြီး ဗြိတိန်နိုင်ငံက ဦးဆောင်ရေးဆွဲခဲ့သည့် မြန်မာအပေါ်ဆုံးဖြတ်ချက်တွင် နိုင်ငံအတွင်း စစ်ကောင်စီအကြမ်းဖက်မှုများ ရပ်တန့်‌ရေးနှင့် တင်းမာမှုများ လျှော့ချရေးများပါ၀င်‌ကြောင်း သိရသည်။

နိုင်၀င်ဘာ ၁၃ ရက်နေ့က ကျောက်ဖြူအခြေစိုက် ခမရ ၃၄ စစ်ကောင်စီတပ်ရင်းမှ AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးထားသည့် ရဲ၀န်ထမ်း ၃ ဦးဖြစ်သည့် လေကြောင်းရဲ ဦးမောင်မောင်အေး၊ ရေကြောင်းရဲ ဦးထက်‌ဝေလင်းနှင့် ဦးမျိုး၀င်းအောင်တို့အား ကျောက်ဖြူအခြေစိုက် ခမရ ၃၄ မှ တပ်ရင်းမှူးက နို၀င်ဘာ ၂၁ ရက်နေ့က ကျောက်ဖြူမြို တရားရုံးတွင် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁)ဖြင့်တရားစွဲဆိုခဲ့ပြီး အဆိုပါ နေ့မှစ၍ ရုံးချိန်းချိန်တိုင်းတွင် တရားလိုမရောက်၍ နှောင့်နှေးကြန့်ကြာနေကြောင်းသိရသည်။

ကျောက်တော်-ပလက်၀ ရေကြောင်းလမ်းကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်နေ့က ပြန်လည်ဖွင့်ပေးခဲ့ပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့က စစ်တွေ လွှတ်တော်ရုံးတွင် ထွေအုပ်များနှင့် ပြုလုပ်ခဲ့သည့် အစည်းအ‌ဝေးတွင် နယ်လုံ၀န်ကြီးကျော်သူရက ကျောက်တော်-ပလက်၀ ‌ရေကြောင်းလမ်းကို ပြန်လည်ပိတ်မည်ဟု ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၂၁ ရက်နေ့ ရှမ်းပြည်နယ် ၊ မူဆယ်မြို့နယ်ရှိ ၀ိန်ဆိုင်အနီးတောင်တလျှောက်တွင် နေရာယူထားသော MNDAA ကိုးကန့်တပ်ဖွဲ့ကို အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထိုးစစ်ဆင်လာသဖြင့် ကိုးကန့်တပ်နှင့် စစ်ကောင်စီတပ်တို့အကြား ၁ နာရီကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။

@ ဒီဇင်ဘာ၂၁ရက်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ အသက်၄၃နှစ်အရွယ် ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းအား AA နှင့်ဆက်စပ်သည်ဟုစွပ်စွဲကာ ကျောက်တော်မြို့နယ် ကန်စောက် အခြေစိုက် ခမရ ၅၃၉တပ်ရင်းမှ တပ်ရင်းမှူး မျိုးချစ်ဇာနည်က ခေါ်၍ သွားခဲ့စဥ် ပြန်မလွှတ်ဘဲ ဖမ်းဆီးကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် ဒီဇင်ဘာ၁၆ရက်နေ့က တရားစွဲဆိုထားခဲ့ပြီး နောက်ထပ် စစ်တွေတွင် ဒီဇင်ဘာ၁၉ရက်နေ့ ရုံးထုတ်ချိန်တွင် သေဒဏ်အထိ ချမှတ်နိုင်သည့် “စစ်ပုန်ကန်မှု” ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၁ ဖြင့်ထပ်တိုး တရားစွဲဆိုလိုက်ကြောင်း သိရှိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်မှ ရွှေးကောက်ပွဲပြုလုပ်မည့်ရည်ရွှယ်ချက်ဖြင့် ဧည့်စာရင်းစစ်ရန် အဖွဲပေါင်း၁၂၉၀နှင့် အဖွဲဝင်ပေါင်း၆၉၄၀ဦးကို ကွင်းဆင်းစာရင်းကောက်ရန်ဖွဲ့စည်းထားပြီး လာမည့်ဇန်နဝါရီလ ၉ရက်နေ့တွင် ရခိုင်ပြည်၌ ကွင်းဆင်းပြီး ဧည့်စာရင်းကောက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် စစ်ကောငါစီ‌ပြောခွင့်ရ ဦးလှသိန်းက သတင်းထုတ်ပြန်ချက်အရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ရှိ စက်တော်ကုန်းရွာအား ဒီဇင်ဘာ ၂၀ရက်နေ့တွင် အာဏာသိမ်း စစ်ကောင်စီတပ်မှ ဝင်ရောက်မီးရှို့ခဲ့မှုကြောင့် လူနေအိမ် ၄၁ အိမ်နှင့် စပါးကျီ ၃၀ဆောင်တို့ မီးလောင်ပြာကျခဲ့ရကြောင်း သိရှိရသည်။

@ ဒီဇင်ဘာ၂၀ရက်

စစ်တွေ -ပုဏ္ဏားကျွန်းကြား အဝေးပြေးကားလမ်းမပေါ်ရှိ စစ်ကောင်စီတပ်မှ စစ်ဆေးရေးဂိတ်ချထားသည့် ကျောက်တန်းစစ်ဆေးရေးဂိတ်တွင် ခရီးသွားလာသည့် အရပ်သားပြည်သူများကို စစ်သားများက သံတုတ်များကိုင်ဆောင်ကာ ရိုင်းစိုင်းစွာ အော်ငေါက်ခြိမ်းခြောက်ပြီး ပစ္စည်းများကိုလည်း မွှေနှောက်ရှာဖွယ် စစ်ဆေးနေကြောင်း သိရှိရသည်။

ရခိုင်ပြည် မင်းပြားမြို့ စစ်ကောင်စီတပ် တိုင်းဗဟို၉ မှ နိုဝင်ဘာလ၂၀ရက် နံနက် ၇နာရီ ၅၇ မိနစ်ကစပြီး အရှေ့ဖက်တောင်တန်းများသို့ လက်နက်ကြီး၊လက်နက်ငယ်များ အကြိမ်၃၀ ကျော် ပစ်ဖောက်ခဲ့ကြောင်း သိရှိရသည်။ အပစ်အခတ်ရပ်စဲထားသည့် ကာလအတွင်း ဒုတိယအကြိမ်မြောက် ပစ်ခတ်ခြင်းဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီတပ်ခေါင်းဆောင် မင်းအောင်လှိုင်မှ ယခင် သစ္စာအဓိဌာန် ၄ချက်အပြင် နောက်ထပ် ၂ချက်ဖြစ်သည့် (၁)ကျွန်ုပ်တို့သည်နိုင်ငံဝန်ထမ်းပီသစွာဖြင့် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းအောင်နေထိုင်ပါမည်၊ (၂) ကျွန်ုပ်တို့သည် နိုင်ငံတော်က ပေးအပ်သော အမိန့်နှင့်တာဝန်များကို ဦးလည်မသုန် ကြိုးပမ်းဆောင်ရွက်သွားပါမည် ဟူသည့်အချက်များကကို ထပ်တိုးကာ သစ္စာအဓိဌာန်၆ ချက်ကို စစ်ကောင်စီခန့် စကစဝန်ထမ်းများအားလုံးအား နံနက်တိုင်းရွတ်ဆိုခိုင်းနေကြောင်း သိရှိရသည်။

@ ဒီဇင်ဘာ၁၉ရက်

မြေပုံမြိုနယ် ကံသာ၊ခေါင်းဖြူရွာ အရှေ့ဖက်မြစ်တွင် သောင်တင်ကာ သေဆုံးနေသည့် အမျိုးသမီးတစ်ဦး၏ အလောင်းအား ဒီဇင်ဘာ၁၉ရက် နေ့လည် ၂နာရီကတွေ့ရှိခဲ့ပြီး သေဆုံးသူမှာ မင်းပြားမြို့နယ် ဂျမ်းမကမ်းထောင့်(ချင်း)ရွာမှ ဒေါ်မရွှေတင် အသက်၃၂နှစ် ဆိုသူဖြစ်ပြီး စိတ်ဝေဒနာခံစားနေရသူဖြစ်ကာ ဒီဇင်ဘာ၁၇ ရက်နေ့က ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်ဟုသိရှိသည်။

ရခိုင်ပြည် မောင်တောမြို့နယ် ရွှေတောင်ရွာမှ ရွာသားနှစ်ဦးဖြစ်သည့် ဦးသိန်းထွန်းနှင့် ဦးကျော်ထွန်းတို့ နှစ်ဦးသည် ဒီဇင်ဘာ ၁၈ ရက်နေ့ မနက်က ရွာမှ ၄နာရီခန့်ကြာ ခြေကျင်ခရီးသွားရသည့် တောင်တန်းသို့ ဝါးခုတ်သွားစဥ် နေအိမ် ပြန်မရောက်သဖြင့် ဒီဇင်ဘာ၁၉ရက်တွင် ရွာသားများ လိုက်ရှာရာ ဓားခုတ်ခံရသည့် ဒဏ်ရာများဖြင့် ပိုင်းပြတ်ကာ သေဆုံးနေကြောင်း တွေ့ရှိရသည်ဟု သိရှိရသည်။ သံသယ တရားခံ ၂ ဦးကိုလည်း ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

တစ်ပတ်အတွင်း သတင်းများစုစည်းမှု

ထင်မြင်ယူဆချက်‌‌ပေးရန်